လမ်းဘေးတွင်နှစ်ပေါင်း၆၀ကြာ ဂီတာတီးသီချင်းဆိုပြီး ကလေး ၅ယောက်ကို ရှာကျွေးနေတဲ့ မျက်မမြင် ဖခင်
လမ်းဘေးတွင်နှစ်ပေါင်း၆၀ကြာ ဂီတာတီးသီချင်းဆိုပြီး ကလေး ၅ယောက်ကို ရှာကျွေးနေတဲ့ မျက်မမြင် ဖခင်
Unicode
လမ်းဘေးတွင်နှစ်ပေါင်း၆၀ကြာ ဂီတာတီးသီချင်းဆိုပြီး ကလေး ၅ယောက်ကို ရှာကျွေးနေတဲ့ မျက်မမြင် ဖခင်
နှစ်ပေါင်း ၆၀ ကြာ လမ်းဘေးတွင် ဂီတာတီး သီ ချင်းဆိုပြီး ကလေး ၅ ယောက်အား ရှာကျွေးနေသော မျက်မမြင် ဖခင် မိဘမေတ္တာ ဆိုတာဟာ သားသမီးတို့ရဲ့ အပေါ်မှာ ကုန်ခမ်း သွားသည် ဟုမရှိပဲ အဆက် မပြတ်ပဲ စီးဆင်း လျက်ရှိကာ ဒုက္ခဆိုတာကို တစ်ယောက်ထဲ ကြိတ်ခံ ရင်းနဲ့ တတ်စွမ်း သလောက် သားသမီးများကို ရှာကျွေး ကြသည်။ . . . . . . .
ယခုအခါ တွင်လည်းဗီယက်နမ် နိုင်ငံ နိုင်းဟွမ် ပြည်နယ်ရှိ ခန်ဟိုင်းမြို့တွင် နေထိုင်သော အသက် ၇၃ နှစ် အရွယ် အဖိုးအို တစ်ယောက်သည် လမ်းဘေးတွင် ဂီတာလေးတီးသီချင်းလေးဆိုကာ တောင်းရမ်း စားသောက် မှုဖြင့် အသက် မွေးဝမ်းကျောင်း ကိုပြုလျက်ရှိသ ည်။ . . . . . . .
အဖိုးအိုဟာ ဆင်းရဲ မွဲတေသော ဘဝတွင် ကံ ဆိုးစွာဖြင့် အသက် ၇ နှစ်အရွယ်ကအကြီးကျယ်ဖျားပြီးနောက်မှာ မျက်စိ နှစ်ဖက်လုံး ကွယ်သွားခဲ့၍ သနားစရာ အမှောင်ချ မျက်မမြင် ဘဝသို့ ရောက်ရှိ ခဲ့ရသည်။ . . . . . . . အဖိုးအို၏ မိသားစုကလည်း စားဝတ်နေရေး အဆင်မပြေ ကြ၍
အသက် ၁၃နှစ်ကစပြီး လမ်းဘေး မျက်မမြင် တောင်းစားသူအဖြစ် ဝင်ငွေရှာ ခဲ့သည်။ . . . . . . . ထို့နောက် အဖိုးအိုဟာ စိတ်ထား ကောင်းသူ တစ်ဦးနှင့် တွေ့ပြီး အသက် မွေးဝမ်းကျောင်း ပြုရန် ဂီတာတီး ပညာကို သင်ယူနိုင်ခဲ့ ပြီးနောက် ဘဝတူ အမျိုးသမီး တစ်ဦးနှင့် ဆုံတွေ့ ခဲ့ရပြီး ကလေး ၅ ယောက်ကို ပိုင်ဆိုင်ထားသည်။ . . . . . . .
ကလေး ၅ ယောက်လုံး အိမ်ထောင် ကျကုန်ပြီး သူတို့ အခက် အခဲနှင့် သူတို့ ရှိနေ၍မိဘ နှစ်ပါးအား ထောက်ပံ့ နိုင်ခြင်း မရှိသဖြင့် အဖိုးအို ခမျာ လမ်းဘေးမှာပဲ ဆက်လက် ပြီးတော့ တောင်းရမ်း စားသောက် သူအဖြစ်နဲ့ ရပ် တည် နေရဆဲ ဖြစ်ပါသည်။ . . . . . . .
admin