အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရှင်းလင်းမည်ဟုသိရ

အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များကို စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရှင်းလင်းမည်ဟုသိရ

စစ်ကောင်စီက PDF များနှင့် စစ်ရေးတင်းမာမှုဖြစ်ပွားနေသော ကနီ၊ ပုလဲ၊ ယင်းမာပင်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်လိုက်ကြောင်းသိရသည်။ . . . . . . .

ကနီမြို့နယ်၌မူ လွန်ခဲ့သည့် သုံးနာရီကတည်းက အင်တာနက်လိုင်းများပြတ်တောက်သွားကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။ . . . . . . .

ဒေသခံတစ်ဦးက ” အင်တာနက်လိုင်းတွေအကုန်ပြတ်သွားတာ လွန်ခဲ့တဲ့ သုံးနာရီလောက်ကတည်းက။ . . . . . . . ကဒ်တွေအကုန်ချိန်းသုံးတယ်။ . . . . . . . Mytel မှအပ ကျန်ကဒ် အကုန်ချိန်းသုံးတယ် မရဘူး ” ဟု ဆိုသည်။ . . . . . . .

စစ်ကောင်စီက နယ်မြေရှင်းလင်းရေးပြုလုပ်မှာ ဖြစ်သည့်အတွက် အင်တာနက်လိုင်းများဖြတ်တောက်ခြင်းဖြစ်ကြောင်းPDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ . . . . . . .

‘‘ နယ်မြေရှင်းလင်းရေးလုပ်မှာမို့လို့ အဓိကတော့ အင်တာနက်လိုင်းဖြတ်တယ်လို့ပဲ ကျွန်တော်တို့ကတော့ထင်တယ်။ . . . . . . . ဘာလို့လည်းဆိုတော့ သတင်းတွေက စစ်ကောင်စီရဲ့တပ်က ဘယ်နားက တက်လာပြီဆိုရင် အွန်လိုင်ပေါ်မှာ တင်ကြမျှဝေကြ ရှောင်ကြ ရှားကြ ပေါ့။ . . . . . . .

အင်တာနက်လိုင်းမရှိတဲ့အခါကျတော့ ဆက်သွယ်မှုကတော့ နီးနီးကပ်ကပ် ဆက်သွယ်လို့ မရတော့ဘူး။ . . . . . . . ဖုန်းလိုင်းတွေလည်း ဖြတ်ကောင်းဖြတ်လာနိုင်တဲ့ ကိစ္စတွေရှိတယ်။ . . . . . . . ဒီပုံစံ အတိုင်းဆိုရင်လေ ” ဟု ၎င်း က ပြောကြားသည်။ . . . . . . .

လင်းယုန်စစ်ဆင်ရေးပြုလုပ်ရန်အတွက် စစ်ဆင်ရေးအတွင်းပါဝင်သည့် မြို့နယ်များကို အင်တာနက်လိုင်းဖြတ်တောက်ခြင်းဖြစ်သည် ဟု စုံးစမ်းသိရှိရကြောင်း PDF တပ်ဖွဲ့တစ်ဦးက ပြောကြားသည်။ . . . . . . .

” လင်းယုန်စစ်ဆင်ရေးတဲ့။ . . . . . . . အဲဒီ စစ်ဆင်ရေးလုပ်တာ။ . . . . . . . စစ်ဆင်ရေးလုပ်တဲ့ မြို့နယ်တွေပေါ့ အဲဒါတွေကို အင်တာနက်လိုင်းဖြတ်တာလို့ ကျွန်တော်တို့ စုံးစမ်းတော့သိရတယ်။ . . . . . . . ယင်းမာပင်ခရိုင်မှာ လေးမြို့နယ်ရှိတယ်။ . . . . . . .

ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး အဲဒါပါတယ်။ . . . . . . . မုံရွာခရိုင်ထဲက မြို့နယ်တချို့လည်း ပါမယ်ပြောတယ်။ . . . . . . . ဘုတလင်ကတော့ပါတယ်။ . . . . . . . နောက် မင်းကင်း ပါမယ် ” ဟု ၎င်းက ပြောကြားသည်။ . . . . . . .

ယမန်နေ့(စက်တင်ဘာ ၁၃ရက်) ညနေပိုင်း က မြင်းခြံမြို့ကားလမ်းမပေါ်တွင် ဆိုင် ကယ် ၅ စီး ဖြင့်ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၇ဦး သေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ . . . . . . .

စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ထားသည့်မြို့နယ်များသည် ၄င်းတို့အားတော်လှန်တိုက် ခိုက်နေသည့် သက်ဆိုင်ရာဒေသအလိုက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ အင်အားကောင်းသောဒေသများဖြစ်ပြီး အဆိုပါ နေရာများသို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ရှင်းလင်းရန်ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်း သတင်းများအရ သိရသည်။ . . . . . . .

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်လည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက် ညပိုင်းမှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ယနေ့ထိ ဖြတ်တောက်ထားဖြစ်ကြောင်း သိရသည်။ . . . . . . .

admin