AYA ဘဏ် ငွေ သိန်း ၄၀၀၀၀ ဓားပြတိုက်ခံရမှု PDF လက်ချက်ဟု စစ်ကောင်စီထုတ်ပြန် – ၉နာရီအတွင်း ကျပ်သိန်း ၄၀၀၀၀ ဓားပြမှုကို မိတယ်ဆိုကတည်းက ရီ(ရယ်)စရာ်တော်တော်ကောင်းနေပြီ

AYA ဘဏ် ငွေ သိန်း ၄၀၀၀၀ ဓားပြတိုက်ခံရမှု PDF လက်ချက်ဟု စစ်ကောင်စီထုတ်ပြန် – ၉နာရီအတွင်း ကျပ်သိန်း ၄၀၀၀၀ ဓားပြမှုကို မိတယ်ဆိုကတည်းက ရီ(ရယ်)စရာ်တော်တော်ကောင်းနေပြီ

မဲခေါင်၊ စက်တင်ဘာ ၁၄

ပဲခူးနှင့်ရန်ကုန်ကြား အင်းတကော်အနီးတွင် ကျပ်ငွေ သိန်း ၄၀၀၀၀ တင်ဆောင်လာသည့် AYA ဘဏ်ယာဉ်ကို ဓားပြတိုက်သည့်အမှုမှာ ပဲခူး PDF ခေါင်းဆောင်က အကွက်ချစီစဉ်ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁၄ရက်က ထုတ်ပြန်လိုက်သည့်စာမှာ ဟာသဆန်လွန်းကြောင်း ပြည်သူအများက ပျက်ရယ်ပြုသည်။ . . . . . . .

ကျပ်သိန်း ၄၀၀၀၀ ဓားပြတိုက်ခံရသည်ဟု သတင်းထွက်ကတည်းက NUG နှင့် PDF အပေါ် စစ်ကောင်စီကလက်ညိုးထိုးချမည်ဟု ပြည်သူများခန့်မှန်းထားသည့်အတိုင်း ထုတ်ပြန်ချက်ထွက်လာခြင်း အလွန်ဟာသဆန်ပြီး ၉နာရီအတွင်း စုံစမ်းဖော်ထုတ်ရမိဟု ဖော်ပြထားသည်မှာလည်း ရယ်စရာဖြစ်ကြောင်း ပြည်သူများက မှတ်ချက်ပြုသည်။ . . . . . . .

“ဇာတ်လမ်းကို နဲနဲတောင်ကွဲအောင် မထုတ်ပြန်နိုင်ဘူး။ . . . . . . . မွဲပြာပုဆိုးလာလုပ်နေတယ်။ . . . . . . . ဆိုင်ကယ်တစ်စီးခိုးခံရတာတောင် လနဲ့ချီ မမိတဲ့ရဲက ၉နာရီအတွင်း ကျပ်သိန်း ၄၀၀၀၀ ဓားပြမှုကို မိတယ်ဆိုကတည်းက ရီ(ရယ်)စရာ်တော်တော်ကောင်းနေပြီ” ဟု ပြည်သူတစ်ဦးကပြောသည်။ . . . . . . .

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ယုတ္တိတန်လွန်းပြီး ဟာသဆန်လွန်းသည်ဟု ပြည်သူများပြောဆိုနေသည့်အတွက် မဲခေါင်သတင်းဌာနအနေဖြင့် သီးခြားမဖော်ပြတော့ပါ။ . . . . . . .

zawgyi

မဲေခါင္၊ စက္တင္ဘာ ၁၄

ပဲခူးႏွင့္ရန္ကုန္ၾကား အင္းတေကာ္အနီးတြင္ က်ပ္ေငြ သိန္း ၄၀၀၀၀ တင္ေဆာင္လာသည့္ AYA ဘဏ္ယာဥ္ကို ဓားျပတိုက္သည့္အမႈမွာ ပဲခူး PDF ေခါင္းေဆာင္က အကြက္ခ်စီစဥ္ျခင္းျဖစ္ေၾကာင္း အၾကမ္းဖက္စစ္ေကာင္စီက စက္တင္ဘာလ ၁၄ရက္က ထုတ္ျပန္လိုက္သည့္စာမွာ ဟာသဆန္လြန္းေၾကာင္း ျပည္သူအမ်ားက ပ်က္ရယ္ျပဳသည္။ . . . . . . .

က်ပ္သိန္း ၄၀၀၀၀ ဓားျပတိုက္ခံရသည္ဟု သတင္းထြက္ကတည္းက NUG ႏွင့္ PDF အေပၚ စစ္ေကာင္စီကလက္ညိဳးထိုးခ်မည္ဟု ျပည္သူမ်ားခန႔္မွန္းထားသည့္အတိုင္း ထုတ္ျပန္ခ်က္ထြက္လာျခင္း အလြန္ဟာသဆန္ၿပီး ၉နာရီအတြင္း စုံစမ္းေဖာ္ထုတ္ရမိဟု ေဖာ္ျပထားသည္မွာလည္း ရယ္စရာျဖစ္ေၾကာင္း ျပည္သူမ်ားက မွတ္ခ်က္ျပဳသည္။ . . . . . . .

“ဇာတ္လမ္းကို နဲနဲေတာင္ကြဲေအာင္ မထုတ္ျပန္ႏိုင္ဘူး။ . . . . . . . မြဲျပာပုဆိုးလာလုပ္ေနတယ္။ . . . . . . . ဆိုင္ကယ္တစ္စီးခိုးခံရတာေတာင္ လနဲ႔ခ်ီ မမိတဲ့ရဲက ၉နာရီအတြင္း က်ပ္သိန္း ၄၀၀၀၀ ဓားျပမႈကို မိတယ္ဆိုကတည္းက ရီ(ရယ္)စရာ္ေတာ္ေတာ္ေကာင္းေနၿပီ” ဟု ျပည္သူတစ္ဦးကေျပာသည္။ . . . . . . .

အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္မွာ ယုတၱိတန္လြန္းၿပီး ဟာသဆန္လြန္းသည္ဟု ျပည္သူမ်ားေျပာဆိုေနသည့္အတြက္ မဲေခါင္သတင္းဌာနအေနျဖင့္ သီးျခားမေဖာ္ျပေတာ့ပါ။ . . . . . . .

admin