* နတ်ဆေးပင်တမျှ ခေါ်ရလောက်တဲ့ ဆေးဖက်ဝင် မုရိုးပင်

* နတ်ဆေးပင်တမျှ ခေါ်ရလောက်တဲ့ ဆေးဖက်ဝင် မုရိုးပင်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ဆေးဖက်ဝင် မုရိုးပင်ပါ….

အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။အသီးက စိမ်တစ်လုံး သရက်လို ပုံသဏာ္ဌန်ရှိတယ်။

ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ်။ကျွဲမရိုးလည်း ခေါ်တယ် တောင်မရိုးပင်လည်း ခေါ်တယ်။ အညာဒေသမှာတော့ မရိုးပင်လို့ ခေါ်ပါတယ်။

ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။

ဆေးနည်းများ…..

ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့ အရွက်ကို မီးကင်ပြီး၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။

ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။

လေးဘက်နာပျောက်တယ်…

အပင်ရော အမြစ်ပါမကျန် နူတ်ပြီး အိုးထဲမှာထည့်၊ အပေါ်ကနေ ဆေးရွက်ကြီးအုပ်၊ ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။ နောက်တနည်းကတော့ မရိုးအမြစ်နဲ့ ဆန်ဆေးရည် သွေးပြီးလိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။

ကြွွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါစားပြီး ကျင်းခွက်လိုဖြစ်သွားတယ်….ပြီးတော့ ပျောက်သွားတယ်။

ငါးမျက်စိပေါက်နေသူများ ….မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။

ခြေထောက်မှာဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့်လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။

အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ပြီး သက်သာ ပျောက်ကင်းစေပါတယ်။

ဓမ္မတာ မမှန်တာ သွေးမပေါ်တာ ဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။သွေးချက်ချင်း ဆင်းပါတယ်။

ရင်ကြပ် ပန်းနာရောဂါ ပျောက်ပါတယ်။မရိုးပင်ကို ၃လက္မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။

ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။

ဆူးစူးပြီးဆူးကိုထွင်လို့မရတဲ့အခါ ….ဒီအပင်ရဲ့ အစေးကို ထည့်လိုက်ပါ။ နာရီအနည်းငယ် ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။

ဆူးစူးပြီး အနာဝပိတ်သွားလို့ ဆူးကျန်ပြီး အထဲကနာနေလျှင်လည်း အနာဝကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။

ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ်တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ပတ်တီးဖွဖွလေးစည်းထားရင်လည်း အဆင်ပြေပါတယ်။

ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။

ချောင်းဆိုး တီဘီ အဆုတ်နာ….မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ်ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။

အနာစိမ်း မွှေးကျွတ်နာ အနာလုံးများ ပေါက်ရင်…. အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။

ထိပ်ကပ်နာ ခေါ်တဲ့ နှာပိတ်ရောဂါကို …မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ ပျောက်ကင်းပါသည်။

ထိတ်ခတ်နာကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။ ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ထိပ်ခတ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူ ပေးပါ။

မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက နှာရည်များကျကာ ပွင့်သွားပါသည်။တစ်သက်လုံး မယားတော့ပါ။

နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။ ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။

ဆေးလိပ် အသောက်များသူများ မရိုးအရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။

နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ – ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။

ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။

အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်…တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီးအိုးထဲထည့် အလုံပိတ် မီးဖုတ်။ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။

သွားကိုက်ရင် ….သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။

သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။အသံမထွက်တဲ့ လူများ အသံ ထွက်လာပါလိမ့်မယ်။

ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။

၃လကြာရင် အသံထွက်လာပါမယ်…(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။)မြင်းစဂုံနီမြစ် မရိုးမြစ် မိုးနံမြစ်တို့ကို သွေးပြီး လိမ်းပါက အနာမျိုးစုံပျောက်ပါသည်။

သံနဲ့ ထိခိုက်မိရင် ချက်ချင်း သူရဲ့ အစေး အဖြူရောင်ကို အနာမှာထည့်ပါ။သက်သာပါတယ်။

လေဖြတ် လေငန်းရောဂါ ဖြစ်လျှင် ၎င်းအပင်ကိုပဥ္စငါးပါး နုတ်နုတ်စင်းပါ။ ပြီးတော့ နှမ်းဆီ (သို့)မုန့်ညှင်းဆီဖြင့် ရောနယ်ပါ။ နယ်ပြီးသားကို အဝတ်စ သန့်သန့်နဲ့ ထုပ်ပါ။

အဲဒီ အထုပ်ကို မီးပူပေးထားတဲ့ အိုးအထက်မှာ ရေနွေးငွေ့ပေါင်းခံကာ ကြပ်ထုပ်ပြုလုပ်၍ လေဖြတ်သော နေရာအား ကြပ်ထုပ်ထိုးပေးပါ။

မွေးကင်းစကလေး ၁လ ၂လ ကလေးများ ချွဲကြတ်နေလျှင် မရိုးရွက်ကို နွမ်းရုံမီးကင် နှမ်းဆီ စစ်စစ်နဲ့ မရိုးရွက်ပေါ်မှာ လူးပါ။ ပြီးတော့ ရင်ဘတ်ပေါ် ကပ်ပေးပါ။ ပျောက်ပါတယ်။

ခေါင်းကိုက်ရင် ….နားထင်မှာ အပ်လေးနဲ့ သွေးစို့ရုံ ဖေါက်ပြီး မရိုးအစေးကို တို့လိုက်ပါ။ ယူပြစ်သလို ပျောက်တယ်။

္န္နနွားနို့ရည် ထဲ့ထားတဲ့ ဒန်အိုးထဲကို မရိုးအစေးလေးတွေ အစက်ချပြီး မရိုးကိုင်းနဲ့ မွှေပေးနေရင် ဟင်းချက်စားတဲ့ နွားနို့ခဲ၊ နွားနို့ကင်ရပါတယ်။

ခွေးရူးကိုက် ခံရလျှင် ငယ်ထိပ်ကို ဘလိပ်ဓါးနှင့် အနည်ငယ်ခြစ်၍ အစေးအနည်းငယ် ထည့်ပေးပါ။ အစေး အနည်းငယ်ကို ထန်းလျှက်ပျော့ထဲသို့ ထည့်လုံးကျွေးခြင်းဖြင့် ခွေးရူးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

နွားတွေ ဆီးချုပ် လေချုပ် ဖြစ်ရင် အရွက် ၇ ရွက်ကို ခူးပါ။ တစ်ရွက်ချင်းစီမှာ ဆားအနည်းငယ် ထည့်ပြီး ခွံ့ပါ။ ဆီးချုပ် လေချုပ် ပျောက်ပါတယ်။

နွားတွေ ခွာနာ လျှာနာ ဖြစ်ရင် မုရိုးရွက်ကို ထောင်းထု ထွက်လာတဲ့ အရည်ကို အနာဖြစ်တဲ့ ခွာ လျှာမှာ လိမ်းပေးပါ။ ပျောက်ပါတယ်။

နွားတွေမှာဖြစ်တဲ့ ပေါင်ပုတ် လက်ပုတ်နာကို မရိုးပင်အစေးနဲ့တို့ပါ။ အစေးတွေစိမ့်ဝင်အောင် မရိုးကိုင်းနဲ့ ရိုက်ရင်ပျောက်တယ်။

နွားတွေ နေမကောင်းတာ ဆိုရင်လည်း အရွက်ကိုချိုးပြီး ထွက်လာသော အစေးနှင့် နားရွက်နှင့် တင်ပါးများသို့ တို့ပေးပါ။

နွားတွေ ဖျားနာရင် မရွေးပင်ပြုတ်ပြီး နွားတစ်ကိုယ်လုံး ပွတ်ပေးရင် ပျောက်ပါတယ်။နွားတွေမှာ ကြပ်ဖု အပူဖုတွေ ပေါက်ခဲ့ရင် မှရိုးစေးနဲ့ တို့ပေးပါက ပျောက်ကင်းပါတယ်။

နွားတွေ ဒေါင့်တန်းဆွဲရင် ဒီအပင်ရဲ့ ကိုင်းနဲ့ ရိုက်မောင်းပေးရင် ပျောက်ပါတယ်။ကျွဲ နွားများ လေးဘက်နာ ဖြစ်ပါကမုရိုးကြီးအပင်နဲ့ ရိုက်ပေးရင်လုံးဝ ပျောက်ကင်းပါသည်။

သတိပြုစရာများ….

သူ့အစေး မျက်လုံးထဲဝင်ရင် မျက်လုံး ကန်းတတ်တယ်။မရိုးပင်အစေးကို သားအိမ်ထဲ ထည့်ပြီး ကလေးဖျက်ချတဲ့ အမျိုးသမီး တစ်ယောက် သားအိမ်ကင်ဆာနဲ့ ဆုံးသွားတာ တွေ့ဖူးပါတယ်။

နေပြည်တော်ကျော်တာနဲ့ မရွေးပင် မရိုးပင်များအား လမ်းဘေးဝဲယာ များတွင် ပေါများစွာတွေ့နိုင်ပါတယ်။စိတ်မဆိုး ရှားစောင်းလက်ပတ်ဆေးလုံးစေတနာရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။

စိတ်မဆိုး သင်္ဘောရွက်ဆေးလုံး & ဆနွင်းလုံး / မူရင်းရေးသားသူအား CRD ပေးပါတယ်…

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေဆးဖက္ဝင္ မု႐ိုးပင္ပါ….

အ႐ိုးတစ္ေခ်ာင္းမွာ အ႐ြက္က တစ္ဖက္တစ္ခ်က္ ထြက္ၿပီး အကိုင္းဖ်ားအထိ အ႐ြက္က အစိမ္းေရာင္ရင့္ရင့္၊ အေမႊးႏုပါတဲ့ဖက္က အျဖဴေရာင္ဖက္ကို နဲနဲယိမ္းပါတယ္။အသီးက စိမ္တစ္လုံး သရက္လို ပုံသဏာၭန္ရွိတယ္။

ဒါေပမဲ့ အထဲမွာက ေလအပြသီး ဝတ္ဆံအနက္နဲ႔၊ အေမႊးမွ်င္မွ်င္ေတြ ေလမွာပ်ံၿပီး မ်ိဳးပြားတယ္။ ACID ဓါတ္မ်ားပါတယ္။ကြၽဲမ႐ိုးလည္း ေခၚတယ္ ေတာင္မ႐ိုးပင္လည္း ေခၚတယ္။ အညာေဒသမွာေတာ့ မ႐ိုးပင္လို႔ ေခၚပါတယ္။

ကြၽဲေပါက္ပင္လို႔လည္း ေခၚပါတယ္။ရခိုင္ေဒသမွာ မု႐ိုးပင္ကို ျဖဴႀကီးပင္လို႔ေခၚတယ္။ ငျဖဴ ႀကီးပင္လို႔လည္းေခၚပါတယ္။ျပည္ဘက္မွာေတာ့ ႏြားျဖဴႀကီးပင္(ႏြားႏို႔ခဲ) အပင္လို႔ ေခၚပါသည္။

ေဆးနည္းမ်ား…..

ဒူးနာ ခါးနာျဖစ္ရင္ အ႐ြက္ကို ေရနဲ႔ ေသခ်ာေဆးပါ။ ၿပီးေတာ့ အ႐ြက္ကို မီးကင္ၿပီး၂ည ၃ည ပတ္စီးေပးရင္ ယူပစ္သလို ေပ်ာက္ပါတယ္။

ေျခေထာက္ေခါက္လဲလို႔ မ်က္သြားၿပီး ေယာင္ကိုင္းေနရင္ မု႐ိုးေစးကို အသာေလး ပြတ္လိမ္းေပးၿပီး အ႐ြက္ကို မီးကင္ လက္ေလးနဲ႔ အသာေလးေခ် အျပန႔္လိုက္ ကပ္ၿပီး ပိတ္စနဲ႔ စည္းထားလိုက္ပါ။

ေလးဘက္နာေပ်ာက္တယ္…

အပင္ေရာ အျမစ္ပါမက်န္ ႏူတ္ၿပီး အိုးထဲမွာထည့္၊ အေပၚကေန ေဆး႐ြက္ႀကီးအုပ္၊ ေရထည့္ျပဳတ္ပါ။ အဲဒီေရကို ခ်ိဳးေပးပါ။ ေနာက္တနည္းကေတာ့ မ႐ိုးအျမစ္နဲ႔ ဆန္ေဆးရည္ ေသြးၿပီးလိမ္းရင္လည္း အဆစ္အျမစ္ေရာင္ ေလးဖက္နာ ေပ်ာက္ပါတယ္။

ႂကြြက္ႏို႔ကိုျဖတ္ၿပီး အေစးနဲ႔ တို႔ထားရင္ အျမစ္ပါစားၿပီး က်င္းခြက္လိုျဖစ္သြားတယ္….ၿပီးေတာ့ ေပ်ာက္သြားတယ္။

ငါးမ်က္စိေပါက္ေနသူမ်ား ….မု႐ိုး႐ြက္ကို ခ်ိဳးလိုက္တဲ့အခါ ထြက္လာေသာ အေစးနဲ႔ ခဏခဏ တို႔ေပးပါ။ အလိုလို ထြက္က်လာမည္။

ေျခေထာက္မွာဝတ္ဆံတည္တာကို ေျခပူနာလို႔ ေခၚပါသည္။ ၾကက္ဆူး ထည့္သြားၿပီဆိုရင္ ခဲနင္းမိပါက အမေလး တရတဲ့ အနာပါ။ အနာထိပ္ကို ဓားႏွင့္လွီးၿပီး အေစးကို သုတ္လိမ္းေပးပါက ေပ်ာက္ပါသည္။

အမ်ိဳးသမီးမ်ား သားအိမ္အတြင္း ေသြးလုံး ေလလုံးျဖစ္ခဲ့ပါလွ်င္ မု႐ိုး၅ပြင့္ကို ႏွမ္းဆီႏွင့္ေၾကာ္စား၊ ဝမ္းဗိုက္ကို မု႐ိုးေစးႏွင့္ ဆႏြင္းမႈန႔္ ဆတူေရာစပ္ လိမ္းေပးပါက တျဖည္းျဖည္း ေသးငယ္ၿပီး သက္သာ ေပ်ာက္ကင္းေစပါတယ္။

ဓမၼတာ မမွန္တာ ေသြးမေပၚတာ ဆိုရင္ အရည္ညႇစ္ၿပီး ႏွစ္ေခါင္းထဲကို တစ္စက္ဆီ ထဲ့ေပးပါ။ေသြးခ်က္ခ်င္း ဆင္းပါတယ္။

ရင္ၾကပ္ ပန္းနာေရာဂါ ေပ်ာက္ပါတယ္။မ႐ိုးပင္ကို ၃လကၼ ေလာက္ျဖတ္ၿပီး ေနလွမ္းပါ။ ေျခာက္ေသြ႕တဲ့အခါ မီးရႈိ႕ျပာခ်ပါ။

ျပာကို ေရစိမ္ ေမႊေပးၿပီး အနယ္ထိုင္ရင္ အေရၾကည္ကို ဆားခ်က္ပါ။ မု႐ိုးႀကီး႐ုကၡမူ ဆားရမယ္။ အဲဒီဆား တစ္ပဲသားကို ပ်ားရည္ တစ္ဆယ္သားနဲ႔ ေရာသမေမႊ သုံးေဆာင္ပါ။

ဆူးစူးၿပီးဆူးကိုထြင္လို႔မရတဲ့အခါ ….ဒီအပင္ရဲ႕ အေစးကို ထည့္လိုက္ပါ။ နာရီအနည္းငယ္ ၾကာတဲ့အခါ ဆူးက သူ႔အလိုလို အျပင္ကို ထြက္လာပါတယ္။

ဆူးစူးၿပီး အနာဝပိတ္သြားလို႔ ဆူးက်န္ၿပီး အထဲကနာေနလွ်င္လည္း အနာဝကို ဖြင့္ၿပီး အေစးခ် အ႐ြက္မီးကင္ ကပ္လိုက္တာ ေညာင့္ထြက္လာပါတယ္။

ေျခေထာက္မွာ ဆူးစူးလို႔ ရွာမရျဖစ္ေနရင္ အေစးကို အနာဝေပၚတို႔ၿပီး အ႐ြက္ကို မီးကင္ကပ္ရင္ ဆူးထြက္ပါတယ္။ ပတ္တီးဖြဖြေလးစည္းထားရင္လည္း အဆင္ေျပပါတယ္။

ကႏၲာရဆူး စူးၿပီး ေတာ္ေတာ္နာေနတာ အပ္နဲ႔ ေကာ္ထုတ္လဲ မရပါ။ အသိတစ္ေယာက္ကေျပာလို႔ မု႐ိုးအေစးနဲ႔ ကပ္လိုက္တာ ေနာက္ေန႔ အနာကိုညႇစ္လိုက္ေတာ့ ဆူးပါသြားတယ္။

ေခ်ာင္းဆိုး တီဘီ အဆုတ္နာ….မု႐ိုး႐ြက္ တစ္႐ြက္၊ ကြမ္း႐ြက္တစ္႐ြက္၊ ဆားအနည္းငယ္ထည့္ၿပီး ျပာခ်ပါ။ အဲဒီျပာကို လွ်က္ဆားလို တစ္ေန႔ အနည္းငယ္ လွ်က္ေပး ပါ ေပ်ာက္ပါတယ္။

အနာစိမ္း ေမႊးကြၽတ္နာ အနာလုံးမ်ား ေပါက္ရင္…. အနာေပၚမွာ အ႐ြက္ကို မီးေလးျပၿပီး ကပ္ထားပါက အလွ်င္အျမန္ ေပ်ာက္ကင္းပါသည္။

ထိပ္ကပ္နာ ေခၚတဲ့ ႏွာပိတ္ေရာဂါကို …မ႐ိုးအေစးျဖဴေလး ႏွာေခါင္းထိပ္ထဲ ထည့္ေပးၿပီး ၁၀မိနစ္ေလာက္ေနရင္ ႏွာဆက္တိုက္ေခ်ၿပီး ႏွပ္ပုတ္မ်ား ထြက္လာကာ သက္သာ ေပ်ာက္ကင္းပါသည္။

ထိတ္ခတ္နာကို အ႐ြက္ကိုေနလွန္း ေဆးလိပ္လိုလိပ္၍ မီးရႈိ႕ၿပီး ရႉပါ။ ၿပီးေတာ့ ႏွာေခါင္းမွ ျပန္ထုတ္ပါ။ ေပ်ာက္ကင္းပါသည္။ထိပ္ခတ္နာ နားေခါင္းယားလွ်င္ အ႐ြက္ကို ေခ်ၿပီး ရႉ ေပးပါ။

မ႐ိုး႐ြက္ကို အေျခာက္လွမ္း ေဆးလိပ္တြင္ ထည့္ကာ မီးခိုးကို ရႉပါက ႏွာရည္မ်ားက်ကာ ပြင့္သြားပါသည္။တစ္သက္လုံး မယားေတာ့ပါ။

ႏွာေခါင္းပိတ္(ထိပ္ကပ္နာ) အသက္ရႉၾကပ္ေရာဂါရွိသူမ်ား မ႐ိုး႐ြက္မီးကင္ကို ႏွာေခါင္းအတြင္းေမာ့၍ ညႇစ္ထည့္ပါ။ ခဏအၾကာတြင္ ႏွာေခ်၍ ႏွာေခါင္းအတြင္းမွ အဝါေရာင္ အညစ္ေၾကးမ်ား ထြက္လာၿပီး လုံးဝေကာင္းသြားပါမည္။

ေဆးလိပ္ အေသာက္မ်ားသူမ်ား မ႐ိုးအ႐ိုးအေျခာက္ကို ေဆးလိပ္ေသာက္သကဲ့သို႔ တစ္ဖက္မွမီးရႈိ႕၍ တစ္ဖက္မွရႉေပးလွ်င္ ေဆးလိပ္ခ်ိဳး ေခ်းမ်ား ျပန္အန္ထြက္လာပါလိမ့္မည္။

ႏွာေခါင္း ခဏခဏ ပိတ္ရင္ မု႐ိုး႐ြက္ အေျခာက္ကို မီးခဲေပၚတင္ ရႉပါက သက္သာတယ္။မု႐ိုးေခၚ မေ႐ြး တစ္နည္း ျဖဴႀကီး႐ြက္ ၇ – ႐ြက္ ဖင္ျပန္ ေခါင္းျပန္ ထပ္ပါ။

ထပ္ၿပီးရင္ ကေတာ့ထိုးပါ။ ကေတာ့ထဲမွာ ဆားထည့္ၿပီး မီးျဖင့္ဖုတ္ပါ။ ရလာေသာ ဆားမီးဖုတ္ကို တစ္ေန႔ သုံးႀကိမ္ ေ႐ြးေစ့ငယ္ခန႔္ လွ်က္ေပးပါက ပန္းနာရင္ၾကပ္ လုံးဝ အျမစ္ျပတ္ ေပ်ာက္ပါတယ္။ တစ္လေလာက္ သီးခံလွ်က္ေပးပါ။

အစာအိမ္ေရာဂါ ျဖစ္ပါက မု႐ိုး႐ြက္…တစ္႐ြက္ကို အရင္းအဖ်ား စတိပယ္ပါ။ေရွာက္႐ြက္ ခုနစ္႐ြက္၊ အိမ္သုံးဆား ခုနစ္က်ပ္သား ေရာၿပီးအိုးထဲထည့္ အလုံပိတ္ မီးဖုတ္။ျပာက် သြားပါက အစာစားၿပီးတိုင္း လွ်က္ေပးပါ။ ေပ်ာက္ကင္း၏။

သြားကိုက္ရင္ ….သြားအေခါင္းထဲကို ဂြမ္းစေလးနဲ႔ သူ႔အေစးကိုတို႔ၿပီး သိပ္ထားပါ။ ခဏနဲ႔ ေပ်ာက္ပါတယ္။

သြားအေျခကို အေစးတို႔ၿပီး ငါးမိနစ္ခန႔္အၾကာမွာ အဲဒီသြားကိုႏႈတ္ရင္ အလြယ္တကူ ကြၽတ္ပါတယ္။အသံမထြက္တဲ့ လူမ်ား အသံ ထြက္လာပါလိမ့္မယ္။

ေဆးနည္းကေတာ့ အ႐ြက္ကို ေျခာက္ေအာင္ေနလွမ္းပါ။ ေျခာက္တဲ့အ႐ြက္ကို မီးကင္ပါ။ ျပာျဖစ္ေအာင္ ကင္ရမွာပါ။ အဲဒီကင္ၿပီးသား အ႐ြက္ကို အမႈန႔္ႀကိတ္ၿပီး ပ်ားေရနဲ႔ နယ္ကာ လက္ဖက္စားဇြန္းနဲ႔ တစ္ေန႔ သုံးႀကိမ္ နံနက္ ေန႔ ညေန စားေပးပါ။

၃လၾကာရင္ အသံထြက္လာပါမယ္…(ေမြးရာပါ စကားမေျပာႏိုင္တဲ့ လူမ်ား မပါပါ။)ျမင္းစဂုံနီျမစ္ မ႐ိုးျမစ္ မိုးနံျမစ္တို႔ကို ေသြးၿပီး လိမ္းပါက အနာမ်ိဳးစုံေပ်ာက္ပါသည္။

သံနဲ႔ ထိခိုက္မိရင္ ခ်က္ခ်င္း သူရဲ႕ အေစး အျဖဴေရာင္ကို အနာမွာထည့္ပါ။သက္သာပါတယ္။

ေလျဖတ္ ေလငန္းေရာဂါ ျဖစ္လွ်င္ ၎အပင္ကိုပၪၥငါးပါး ႏုတ္ႏုတ္စင္းပါ။ ၿပီးေတာ့ ႏွမ္းဆီ (သို႔)မုန႔္ညႇင္းဆီျဖင့္ ေရာနယ္ပါ။ နယ္ၿပီးသားကို အဝတ္စ သန႔္သန႔္နဲ႔ ထုပ္ပါ။

အဲဒီ အထုပ္ကို မီးပူေပးထားတဲ့ အိုးအထက္မွာ ေရေႏြးေငြ႕ေပါင္းခံကာ ၾကပ္ထုပ္ျပဳလုပ္၍ ေလျဖတ္ေသာ ေနရာအား ၾကပ္ထုပ္ထိုးေပးပါ။

ေမြးကင္းစကေလး ၁လ ၂လ ကေလးမ်ား ခြၽဲၾကတ္ေနလွ်င္ မ႐ိုး႐ြက္ကို ႏြမ္း႐ုံမီးကင္ ႏွမ္းဆီ စစ္စစ္နဲ႔ မ႐ိုး႐ြက္ေပၚမွာ လူးပါ။ ၿပီးေတာ့ ရင္ဘတ္ေပၚ ကပ္ေပးပါ။ ေပ်ာက္ပါတယ္။

ေခါင္းကိုက္ရင္ ….နားထင္မွာ အပ္ေလးနဲ႔ ေသြးစို႔႐ုံ ေဖါက္ၿပီး မ႐ိုးအေစးကို တို႔လိုက္ပါ။ ယူျပစ္သလို ေပ်ာက္တယ္။

ၷၷႏြားႏို႔ရည္ ထဲ့ထားတဲ့ ဒန္အိုးထဲကို မ႐ိုးအေစးေလးေတြ အစက္ခ်ၿပီး မ႐ိုးကိုင္းနဲ႔ ေမႊေပးေနရင္ ဟင္းခ်က္စားတဲ့ ႏြားႏို႔ခဲ၊ ႏြားႏို႔ကင္ရပါတယ္။

ေခြး႐ူးကိုက္ ခံရလွ်င္ ငယ္ထိပ္ကို ဘလိပ္ဓါးႏွင့္ အနည္ငယ္ျခစ္၍ အေစးအနည္းငယ္ ထည့္ေပးပါ။ အေစး အနည္းငယ္ကို ထန္းလွ်က္ေပ်ာ့ထဲသို႔ ထည့္လုံးေကြၽးျခင္းျဖင့္ ေခြး႐ူးေရာဂါကိုလည္း ကာကြယ္ေပးႏိုင္ပါသည္။

ႏြားေတြ ဆီးခ်ဳပ္ ေလခ်ဳပ္ ျဖစ္ရင္ အ႐ြက္ ၇ ႐ြက္ကို ခူးပါ။ တစ္႐ြက္ခ်င္းစီမွာ ဆားအနည္းငယ္ ထည့္ၿပီး ခြံ႕ပါ။ ဆီးခ်ဳပ္ ေလခ်ဳပ္ ေပ်ာက္ပါတယ္။

ႏြားေတြ ခြာနာ လွ်ာနာ ျဖစ္ရင္ မု႐ိုး႐ြက္ကို ေထာင္းထု ထြက္လာတဲ့ အရည္ကို အနာျဖစ္တဲ့ ခြာ လွ်ာမွာ လိမ္းေပးပါ။ ေပ်ာက္ပါတယ္။

ႏြားေတြမွာျဖစ္တဲ့ ေပါင္ပုတ္ လက္ပုတ္နာကို မ႐ိုးပင္အေစးနဲ႔တို႔ပါ။ အေစးေတြစိမ့္ဝင္ေအာင္ မ႐ိုးကိုင္းနဲ႔ ႐ိုက္ရင္ေပ်ာက္တယ္။

ႏြားေတြ ေနမေကာင္းတာ ဆိုရင္လည္း အ႐ြက္ကိုခ်ိဳးၿပီး ထြက္လာေသာ အေစးႏွင့္ နား႐ြက္ႏွင့္ တင္ပါးမ်ားသို႔ တို႔ေပးပါ။

ႏြားေတြ ဖ်ားနာရင္ မေ႐ြးပင္ျပဳတ္ၿပီး ႏြားတစ္ကိုယ္လုံး ပြတ္ေပးရင္ ေပ်ာက္ပါတယ္။ႏြားေတြမွာ ၾကပ္ဖု အပူဖုေတြ ေပါက္ခဲ့ရင္ မွ႐ိုးေစးနဲ႔ တို႔ေပးပါက ေပ်ာက္ကင္းပါတယ္။

ႏြားေတြ ေဒါင့္တန္းဆြဲရင္ ဒီအပင္ရဲ႕ ကိုင္းနဲ႔ ႐ိုက္ေမာင္းေပးရင္ ေပ်ာက္ပါတယ္။ကြၽဲ ႏြားမ်ား ေလးဘက္နာ ျဖစ္ပါကမု႐ိုးႀကီးအပင္နဲ႔ ႐ိုက္ေပးရင္လုံးဝ ေပ်ာက္ကင္းပါသည္။

သတိျပဳစရာမ်ား….

သူ႔အေစး မ်က္လုံးထဲဝင္ရင္ မ်က္လုံး ကန္းတတ္တယ္။မ႐ိုးပင္အေစးကို သားအိမ္ထဲ ထည့္ၿပီး ကေလးဖ်က္ခ်တဲ့ အမ်ိဳးသမီး တစ္ေယာက္ သားအိမ္ကင္ဆာနဲ႔ ဆုံးသြားတာ ေတြ႕ဖူးပါတယ္။

ေနျပည္ေတာ္ေက်ာ္တာနဲ႔ မေ႐ြးပင္ မ႐ိုးပင္မ်ားအား လမ္းေဘးဝဲယာ မ်ားတြင္ ေပါမ်ားစြာေတြ႕ႏိုင္ပါတယ္။စိတ္မဆိုး ရွားေစာင္းလက္ပတ္ေဆးလုံးေစတနာရွင္မ်ားအား အထူးေက်းဇူးတင္ရွိပါသည္။

စိတ္မဆိုး သေဘၤာ႐ြက္ေဆးလုံး & ဆႏြင္းလုံး / မူရင္းေရးသားသူအား CRD ေပးပါတယ္…

admin