* အသားပိုတွေ ထွက်လာရင် ဘယ်လိုဖြေရှင်းပြစ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးပါ

* အသားပိုတွေ ထွက်လာရင် ဘယ်လိုဖြေရှင်းပြစ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးပါ

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အသားပိုေတြ ထြက္လာရင္ ဘယ္လိုကုမလဲ

အေရျပားေပၚမွာ ေသးငယ္ေပ်ာ့အိေသာ အသားဖုကေလးတြဲရြဲက်ေနျခင္းကို “အသားပို” လို ့ေခၚျပီး၊ အလံုးပုံစံ(သို ့မဟုတ္) ပံုသ႑ာန္မမွန္ေသာ အသားစုိင္ေလးသဖြယ္ေတြ ့ရတတ္ပါတယ္။ အသားစိုင္ဆိုသည့္အတိုင္း အာရံုခံဆဲလ္၊ အဆီဆဲလ္၊ ေသြး ျပြန္မ်ားနဲ ့ ဖြဲ ့စည္းကာ အေပၚယံအေရျပားဖံုးအုပ္ထားတာေၾကာင့္ ပံုမွန္အသားအေရကဲ့သို ့ပင္ လက္ျဖင့္ဆြဲဆိတ္ၾကည့္ ရင္္ေတာင္ နာက်င္စြာခံစားရပါတယ္္။ေယဘုယ်အားျဖင့္ အသက္ ၇၀ ၀န္းက်င္ေလာက္မွာ က်ား/မ မေရြးအသားပိုထြက္လာေလ့ရွိွိျပီး၊ တခါတရံ အသက္ ၄၀ ေက်ာ္ ေလာက္တည္းက ထြက္လာသူမ်ားလည္းရွိပါတယ္။

အသားပိုထြက္ေလ့ရွိေသာေနရာမ်ားမွာ မ်က္ခြံ၊ ဂ်ိဳင္းၾကား၊ ရင္သားေအာက္ ပိုင္း၊ ေပါင္ျခံ၊ ရင္ေခါင္းပိုင္း ႏွင့္ လည္ပင္းတို ့ျဖစ္ၾက၏။

ေဖာ္ျပပါ အသက္အရြယ္ေၾကာင့္မဟုတ္ဘဲ က်မၼာေရးျပသနာတစ္ခုခု၏ ေဘးထြက္ဆိုးက်ိဳးမ်ားေၾကာင့္လည္း အသားပိုထြက္လာႏို္င္ပါတယ္။ ထိုသူမ်ားကေတာ့ အ၀လြန္သူမ်ား၊ ကိုယ္၀န္ေဆာင္မိခင္ ေလာင္းမ်ား၊ ဆီးခ်ိဳေ၀ဒနာသည္မ်ား၊ human papilloma virus(ေခၚ)HPV ကူးစက္ေရာဂါရွိသူမ်ား၊ ဟိုမုန္းအားတိုးေဆးမွီ၀ဲ သူမ်ား… စသည္တို ့ျဖစ္ၾကသည္။အိမ္တြင္းသဘာ၀ကုထံုးျဖင့္ အသားပိုဖယ္ရွားနည္း။အေရျပားကြ်မ္းက်င္သူမ်ား၏ အဆိုအမိန္ ့အရ၊ အသားပိုထြက္ရံုေလာက္က ဘာျပသနာမွမျဖစ္ႏိုင္လို ့စိုးရိမ္ထိတ္လန္ ့ဖြယ္ မလိုပါ။

သို ့ေသာ္ အသားစိုင္ကေလးကိုေဆာင့္မိတိုက္မိ၍ မၾကာခဏေရာင္ရမ္းျခင္း(သို ့မဟုတ္) အသားစပဲ့ထြက္ျခင္း(သို ့မ ဟုတ္) မၾကာခဏေသြးယိုစီးက်လာခဲ့ရင္ျဖင့္ ၄င္းကိုဖယ္ရွားလိုက္တာ အေကာင္းဆံုး ပါဘဲတဲ့။ အသားပိုကို duct tape (ေခၚ) အသားကပ္တိပ္ျပားျဖင့္ ကပ္၍ျဖတ္ထုတ္ျခင္းက အခန္ ့မသင့္ရင္ေသြးထြက္နာက်င္စေသလို၊ compressed air (ေခၚ) အသား စိုင္ကိုေအးခဲေစျပီး တစ္ရႈးမ်ားေသသြားအာင္ေလစုပ္နည္းကလည္း နည္းမွန္စြာမလုပ္တတ္ရင္ နာက်င္ေရာင္ကိုင္းလာေစလို ့၊ ေအာက္ပါ အိမ္တြင္းကုထံုးေလးမ်ားျဖင့္ စမ္းသပ္ၾကည့္ေစလိုပါတယ္။

(၁) လၻက္စိမ္းဆီဟာ အေရျပားေရာဂါမ်ားအတြက္မရွိမျဖစ္လိုအပ္သလို၊ အသားပိုအတြက္လည္း အေကာင္းဆံုးအိမ္တြင္းသ မားေတာ္ေလးပါ။ ဦးစြာအသားပိုကို သန္ ့စင္ေဆးေၾကာပါ။ ဂြမ္းစကို ေရေဆး၍စင္ေအာင္ေရညွစ္ထုတ္ျပီး၊ လၻက္စိမ္းဆီ ၃-စက္ ေလာက္အစက္ခ်၍ အေရျပားနဲ ့ထိကပ္ေနေသာအသားပိုေအာက္ေျခကို ျပဳတ္ထြက္လုမတတ္ စက္၀ိုင္းပံုသ႑ာန္ပြတ္လိမ္းေပး ပါ။ တေန ့ ၂-ၾကိမ္က် လိမ္းေပးရံုမွ်ျဖင့္ ရက္သတၱ ၄-ပိတ္ခန ့္အၾကာမွာ အသားစိုင္တျဖည္းျဖည္းေပ်ာက္ကြယ္သြားပါလိမ့္မယ္။

(၂) သံပုရာရည္ထဲမွာ အသားပိုထဲရွိဆဲလ္မ်ားကို ျပိဳကြဲေစတဲ့အစြမ္းသတၱိပါရွိပါတယ္။ ဂြမ္းလံုးေလးကိုသံပုရာရည္ထဲႏွစ္စိမ္ျပီး၊ အသားပိုေပၚလိမ္းပါ၊ သံပုရာရည္ေျခာက္သြားတိုင္း မၾကာခဏ ထပ္လိမ္းေပးပါ။ မ်ားမၾကာမီကာလအတြင္း အသားပိုေျခာက္ျပီး သူ ့အလိုလိုေၾကြက်သြားပါလိမ့္မယ္။

(၃) ဌက္ေပ်ာခံြကို အသားပိုုဖံုးအုပ္ႏိုင္ေလာက္တဲ့ အရြယ္အစားထိရေအာင္လိုသလို လွီးျဖတ္ပါ။ ျပီးရင္ ဌက္ေပ်ာခြံအတြင္းပိုင္းနဲ ့ အသားပိုတစ္ခုလံုးကို တညဖံုးအုပ္၍အိပ္ပါ။ အသားပိုအရြယ္အစား အၾကီးေသးေပၚမူတည္ကာ ရက္အနည္းငယ္ခန္ ့အၾကာ သူ ့အလိုလိုေၾကြက်သြားပါလိမ့္မယ္။

(၄) သြားၾကားသန္ ့ရွင္းရန္သံုးသည့္ခ်ည္မွ်င္ကို အေရျပားနဲ ့ကပ္ေနေသာအသားပိုေအာက္ေျခမွ တင္းႏိုင္သမွွ်တင္းၾကပ္ေန ေအာင္ ၂၄-နာရီစည္းေႏွာင္၍ေသြးမေလွ်ာက္ေအာင္ အသားပိုကိုသတ္တဲ့နည္းကလည္း အသံုး၀င္လွပါတယ္။ ထိုသို ့စည္းေႏွာင္ ထားစဥ္ ၂-ပတ္ခန္ ့အၾကာမွာ အသားပိုအရြယ္အစားက်ဳံ ့ေသးသြားျပီး၊ ၃-ပတ္ေလာက္အၾကာမွာေတာ့ အသားပိုေျခာက္သြားပါ တယ္။ ထိုအခါ ညွပ္ထုတ္ျခင္း (သို ့မဟုတ္) သူ ့အလိုလိုေၾကြက်သြားပါလိမ့္မယ္။

(၅) ၾကက္ဆူဆီကို ေဆာ္ဒါမႈန္ ့ျဖင့္ ပ်စ္ေနေအာင္ေရာနယ္ျပီး၊ အသားပိုေပၚလိမ္းက်ံ၍ ပိတ္တီးစည္းျပီးအိပ္ပါ။ နံက္ေရာက္တဲ့ အခါ ပတ္တီးေျဖ၍ေရေႏြးျဖင့္သန္ ့စင္ပါ။ အသားပိုေၾကြမက်မခ်င္းညအိပ္ယာ၀င္ခါနီးတိုင္း ၁-ပတ္(သို ့မဟုတ္)၁၀-ရက္ခန္ ့ၾကာ ေအာင္ လိမ္းအိပ္ပါ။

(၆) ပန္းသီးျဖင့္လုပ္ထားတဲ့ရွာလကာရည္က အေရျပားေပၚရွိ ၀က္ျခံနွင့္ ပိုးမႊားကိုက္ခဲျခင္းတို ့အတြက္ အသံုးတည့္ရံုမွ်မက၊ အ သားပို ဖယ္ရွားရန္အတြက္လည္းအသံုး၀င္ပါတယ္။ ဦးစြာအသားပို ကိုဆပ္ျပာ ရည္ျဖင့္သန္ ့စင္ေအာင္ေဆးေၾကာ၍ ေရေျခာက္ ေအာင္သုတ္ျပီးေနာက္၊ ဂြမ္းလံုးေလးကို ပန္းသီး ရွာလကာရည္မွာႏွစ္စိမ္ျပီး ဂြမ္းလံုးေလးကိုစက္၀ိုင္းပံုသဏၭာန္လွိမ့္၍ အသားပိုမွာ ပြတ္လိမ္းေပးပါ။တလခန္ ့အၾကာ အသားပိုေၾကြက်သြားပါလိမ့္မယ္။

(၇) ၾကက္သြန္နီကိုအတံုးတံုးျပီး၊ ဆားရည္ခြက္ထဲမွာတေနကုန္စိမ္ထားပါ။ ညအိပ္ခါနီး ထိုၾကက္သြန္နီဆားေရာသတၱဳရည္ကို အသားပိုေပၚလိမ္း၊ ပတ္တီးစည္းေပးျပီး နံက္ေရာက္တဲ့အခါ ေရေႏြးျဖင့္ သန္ ့့စင္ပါ။ ထိုနည္းအတိုင္း ညစဥ္ရက္ဆက္ ရက္သတၱ ၁-ပတ္မွ် လုပ္ေပးပါ။

(၈) တစ္ေန ့ ၂ၾကိမ္/၃ၾကိမ္က် နာနတ္သီးသတၱဳရည္ျဖင့္အသားပိုကို လိမ္းေပးျပီးေနာက္ ေရလံုး၀မေဆးပါႏွင့္။ တစ္ပတ္ (သို ့မ ဟုတ္) ဆယ္ရက္ခန္ ့အၾကာမွာေတာ့ အသားပိုေၾကြက်သြားပါလိမ့္မယ္။

(၉) ၾကက္သြန္ျဖဴေထာင္းေခ်ျပီးေနာက္ ရရွိလာေသာသတၱဳရည္ႏွင့္အႏွစ္တို ့ကို အသားပိုေပၚသုတ္လိမ္းျပီး ပတ္တီးစည္းေႏွာင္ ထားပါ။ ထိုကဲ့သို ့တစ္ေန ့ ၃-ၾကိမ္မွန္မွန္လိမ္း၍ ပတ္တီးအသစ္လဲလွယ္ေပးပါ။

(၁၀) ရွားေစာင္းလက္ပပ္က အေရျပားေရာဂါအမ်ိဳးမ်ိုးအတြက္ လြန္စြာအသံုးတဲ့လို ့ရွားေစာင္းလက္ပပ္ဂ်ယ္လီကို အသားပိုေပၚ ေန ့စဥ္ေန ့တိုင္းလိမ္းေပးပါ။

(၁၁) အသားပိုတစ္ခုလံုးဖံုးအုပ္သြားေအာင္ လက္သည္းဆိုးေဆးျဖင့္ဆိုးေပးပါ။ လက္သည္းဆိုးေဆးေျခာက္ သြားတဲ့အခါ ထပ္၍ ဆိုးေပးပါ။ ဤနည္းအတိုင္း တေန ့ကို ၃-ၾကိမ္ဆိုးေပးျခင္းျဖင့္ ရက္အနည္းငယ္ အၾကာမွာ အသားပိုလံုးၾကီးရာမွေသး/ေသးရာမွ ခ်ပ္သြားေစပါတယ္။

(၁၂) ဗီတာမင္အီး အိမ္သံုးေဆး၀ါးကလည္း အသံုးတည့္လွပါတယ္္။ ဗီတာမင္အီးကို ၾကက္သြန္ျဖဴ/ၾကက္သြန္ျမိတ္တို ့ျဖင့္ ေရာ ေထာင္းျပီး တညလံုးလံုး အသားပိုေပၚကပ္၍အိပ္ပါ။ ဤကဲ့သို ့ညစဥ္ကပ္ အိပ္ျပီး ၂-ပတ္ခန္ ့အၾကာမွာေတာ့ အသားပိုက သူ ့အ လိုလို ေပ်ာက္သြားပါလိမ့္မယ္။

(၁၃) ဂ်င္းကိုခပ္ပါးပါး အျပားေလးလွီးျပီး၊ ပြတ္တိုက္ေပးျခင္းျဖင့္ ရက္သတၱတ္ ၂-ပတ္အၾကာ အသားပိုေၾကြ က်သြားပါလိမ့္မယ္။

အကယ္၍ အထက္ပါအိ္မ္တြင္းကုထံုးအသံုးျပဳေနစဥ္ကာလအတြင္း အသားစိုင္ေသးမသြားဘဲ၊ ပိုၾကီးလာျခင္း၊ အေရာင္ေျပာင္း၍ လြန္စြာနာက်င္ကိုက္ခဲျခင္း၊ မ်က္ခြံေပၚတြင္ အသားပိုလံုးမ်ား ပိုမိုပြားမ်ားလာျခင္းရွိခဲ့ပါလွ်င္ အခ်ိန္မဆြဲပါႏွင့္။ အေရျပားဆရာ၀န္ ျဖင့္ အျမန္ဆံုးေဆး၀ါး ကုသမႈခံယူသင့္ပါတယ္။

(ေပါက္ေပါက္….မွ်ေ၀သည္)

(ကိုးကား။ Skin Tag Removal Network by Cooper Rainford on 7th July 2013)

Unicode ဖြင့်ဖတ်ပါ
★★★★★

အသားပိုတွေ ထွက်လာရင် ဘယ်လိုကုမလဲ

အရေပြားပေါ်မှာ သေးငယ်ပျော့အိသော အသားဖုကလေးတွဲရွဲကျနေခြင်းကို “အသားပို” လို့ခေါ်ပြီး၊ အလုံးပုံစံ(သို့မဟုတ်) ပုံသဏ္ဍာန်မမှန်သော အသားစိုင်လေးသဖွယ်တွေ့ရတတ်ပါတယ်။ အသားစိုင်ဆိုသည့်အတိုင်း အာရုံခံဆဲလ်၊ အဆီဆဲလ်၊ သွေး ပြွန်များနဲ့ ဖွဲ့စည်းကာ အပေါ်ယံအရေပြားဖုံးအုပ်ထားတာကြောင့် ပုံမှန်အသားအရေကဲ့သို့ပင် လက်ဖြင့်ဆွဲဆိတ်ကြည့် ရင်တောင် နာကျင်စွာခံစားရပါတယ်။ယေဘုယျအားဖြင့် အသက် ၇၀ ဝန်းကျင်လောက်မှာ ကျား/မ မရွေးအသားပိုထွက်လာလေ့ရှှိပြီး၊ တခါတရံ အသက် ၄၀ ကျော် လောက်တည်းက ထွက်လာသူများလည်းရှိပါတယ်။

အသားပိုထွက်လေ့ရှိသောနေရာများမှာ မျက်ခွံ၊ ဂျိုင်းကြား၊ ရင်သားအောက် ပိုင်း၊ ပေါင်ခြံ၊ ရင်ခေါင်းပိုင်း နှင့် လည်ပင်းတို့ဖြစ်ကြ၏။

ဖော်ပြပါ အသက်အရွယ်ကြောင့်မဟုတ်ဘဲ ကျမ္မာရေးပြသနာတစ်ခုခု၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း အသားပိုထွက်လာနိုင်ပါတယ်။ ထိုသူများကတော့ အဝလွန်သူများ၊ ကိုယ်ဝန်ဆောင်မိခင် လောင်းများ၊ ဆီးချိုဝေဒနာသည်များ၊ human papilloma virus(ခေါ်)HPV ကူးစက်ရောဂါရှိသူများ၊ ဟိုမုန်းအားတိုးဆေးမှီဝဲ သူများ… စသည်တို့ဖြစ်ကြသည်။အိမ်တွင်းသဘာဝကုထုံးဖြင့် အသားပိုဖယ်ရှားနည်း။အရေပြားကျွမ်းကျင်သူများ၏ အဆိုအမိန့်အရ၊ အသားပိုထွက်ရုံလောက်က ဘာပြသနာမှမဖြစ်နိုင်လို့စိုးရိမ်ထိတ်လန့်ဖွယ် မလိုပါ။

သို့သော် အသားစိုင်ကလေးကိုဆောင့်မိတိုက်မိ၍ မကြာခဏရောင်ရမ်းခြင်း(သို့မဟုတ်) အသားစပဲ့ထွက်ခြင်း(သို့မ ဟုတ်) မကြာခဏသွေးယိုစီးကျလာခဲ့ရင်ဖြင့် ၎င်းကိုဖယ်ရှားလိုက်တာ အကောင်းဆုံး ပါဘဲတဲ့။ အသားပိုကို duct tape (ခေါ်) အသားကပ်တိပ်ပြားဖြင့် ကပ်၍ဖြတ်ထုတ်ခြင်းက အခန့်မသင့်ရင်သွေးထွက်နာကျင်စသေလို၊ compressed air (ခေါ်) အသား စိုင်ကိုအေးခဲစေပြီး တစ်ရှုးများသေသွားအာင်လေစုပ်နည်းကလည်း နည်းမှန်စွာမလုပ်တတ်ရင် နာကျင်ရောင်ကိုင်းလာစေလို့၊ အောက်ပါ အိမ်တွင်းကုထုံးလေးများဖြင့် စမ်းသပ်ကြည့်စေလိုပါတယ်။

(၁) လ္ဘက်စိမ်းဆီဟာ အရေပြားရောဂါများအတွက်မရှိမဖြစ်လိုအပ်သလို၊ အသားပိုအတွက်လည်း အကောင်းဆုံးအိမ်တွင်းသ မားတော်လေးပါ။ ဦးစွာအသားပိုကို သန့်စင်ဆေးကြောပါ။ ဂွမ်းစကို ရေဆေး၍စင်အောင်ရေညှစ်ထုတ်ပြီး၊ လ္ဘက်စိမ်းဆီ ၃-စက် လောက်အစက်ချ၍ အရေပြားနဲ့ထိကပ်နေသောအသားပိုအောက်ခြေကို ပြုတ်ထွက်လုမတတ် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပေး ပါ။ တနေ့ ၂-ကြိမ်ကျ လိမ်းပေးရုံမျှဖြင့် ရက်သတ္တ ၄-ပိတ်ခန့်အကြာမှာ အသားစိုင်တဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်။

(၂) သံပုရာရည်ထဲမှာ အသားပိုထဲရှိဆဲလ်များကို ပြိုကွဲစေတဲ့အစွမ်းသတ္တိပါရှိပါတယ်။ ဂွမ်းလုံးလေးကိုသံပုရာရည်ထဲနှစ်စိမ်ပြီး၊ အသားပိုပေါ်လိမ်းပါ၊ သံပုရာရည်ခြောက်သွားတိုင်း မကြာခဏ ထပ်လိမ်းပေးပါ။ များမကြာမီကာလအတွင်း အသားပိုခြောက်ပြီး သူ့အလိုလိုကြွေကျသွားပါလိမ့်မယ်။

(၃) ဌက်ပျောခွံကို အသားပိုဖုံးအုပ်နိုင်လောက်တဲ့ အရွယ်အစားထိရအောင်လိုသလို လှီးဖြတ်ပါ။ ပြီးရင် ဌက်ပျောခွံအတွင်းပိုင်းနဲ့ အသားပိုတစ်ခုလုံးကို တညဖုံးအုပ်၍အိပ်ပါ။ အသားပိုအရွယ်အစား အကြီးသေးပေါ်မူတည်ကာ ရက်အနည်းငယ်ခန့်အကြာ သူ့အလိုလိုကြွေကျသွားပါလိမ့်မယ်။

(၄) သွားကြားသန့်ရှင်းရန်သုံးသည့်ချည်မျှင်ကို အရေပြားနဲ့ကပ်နေသောအသားပိုအောက်ခြေမှ တင်းနိုင်သမျှတင်းကြပ်နေ အောင် ၂၄-နာရီစည်းနှောင်၍သွေးမလျှောက်အောင် အသားပိုကိုသတ်တဲ့နည်းကလည်း အသုံးဝင်လှပါတယ်။ ထိုသို့စည်းနှောင် ထားစဉ် ၂-ပတ်ခန့်အကြာမှာ အသားပိုအရွယ်အစားကျုံ့သေးသွားပြီး၊ ၃-ပတ်လောက်အကြာမှာတော့ အသားပိုခြောက်သွားပါ တယ်။ ထိုအခါ ညှပ်ထုတ်ခြင်း (သို့မဟုတ်) သူ့အလိုလိုကြွေကျသွားပါလိမ့်မယ်။

(၅) ကြက်ဆူဆီကို ဆော်ဒါမှုန့်ဖြင့် ပျစ်နေအောင်ရောနယ်ပြီး၊ အသားပိုပေါ်လိမ်းကျံ၍ ပိတ်တီးစည်းပြီးအိပ်ပါ။ နံက်ရောက်တဲ့ အခါ ပတ်တီးဖြေ၍ရေနွေးဖြင့်သန့်စင်ပါ။ အသားပိုကြွေမကျမချင်းညအိပ်ယာဝင်ခါနီးတိုင်း ၁-ပတ်(သို့မဟုတ်)၁၀-ရက်ခန့်ကြာ အောင် လိမ်းအိပ်ပါ။

(၆) ပန်းသီးဖြင့်လုပ်ထားတဲ့ရှာလကာရည်က အရေပြားပေါ်ရှိ ဝက်ခြံနှင့် ပိုးမွှားကိုက်ခဲခြင်းတို့အတွက် အသုံးတည့်ရုံမျှမက၊ အ သားပို ဖယ်ရှားရန်အတွက်လည်းအသုံးဝင်ပါတယ်။ ဦးစွာအသားပို ကိုဆပ်ပြာ ရည်ဖြင့်သန့်စင်အောင်ဆေးကြော၍ ရေခြောက် အောင်သုတ်ပြီးနောက်၊ ဂွမ်းလုံးလေးကို ပန်းသီး ရှာလကာရည်မှာနှစ်စိမ်ပြီး ဂွမ်းလုံးလေးကိုစက်ဝိုင်းပုံသဏ္ဌာန်လှိမ့်၍ အသားပိုမှာ ပွတ်လိမ်းပေးပါ။တလခန့်အကြာ အသားပိုကြွေကျသွားပါလိမ့်မယ်။

(၇) ကြက်သွန်နီကိုအတုံးတုံးပြီး၊ ဆားရည်ခွက်ထဲမှာတနေကုန်စိမ်ထားပါ။ ညအိပ်ခါနီး ထိုကြက်သွန်နီဆားရောသတ္တုရည်ကို အသားပိုပေါ်လိမ်း၊ ပတ်တီးစည်းပေးပြီး နံက်ရောက်တဲ့အခါ ရေနွေးဖြင့် သန့်စင်ပါ။ ထိုနည်းအတိုင်း ညစဉ်ရက်ဆက် ရက်သတ္တ ၁-ပတ်မျှ လုပ်ပေးပါ။

(၈) တစ်နေ့ ၂ကြိမ်/၃ကြိမ်ကျ နာနတ်သီးသတ္တုရည်ဖြင့်အသားပိုကို လိမ်းပေးပြီးနောက် ရေလုံးဝမဆေးပါနှင့်။ တစ်ပတ် (သို့မ ဟုတ်) ဆယ်ရက်ခန့်အကြာမှာတော့ အသားပိုကြွေကျသွားပါလိမ့်မယ်။

(၉) ကြက်သွန်ဖြူထောင်းချေပြီးနောက် ရရှိလာသောသတ္တုရည်နှင့်အနှစ်တို့ကို အသားပိုပေါ်သုတ်လိမ်းပြီး ပတ်တီးစည်းနှောင် ထားပါ။ ထိုကဲ့သို့တစ်နေ့ ၃-ကြိမ်မှန်မှန်လိမ်း၍ ပတ်တီးအသစ်လဲလှယ်ပေးပါ။

(၁၀) ရှားစောင်းလက်ပပ်က အရေပြားရောဂါအမျိုးမျိုးအတွက် လွန်စွာအသုံးတဲ့လို့ရှားစောင်းလက်ပပ်ဂျယ်လီကို အသားပိုပေါ် နေ့စဉ်နေ့တိုင်းလိမ်းပေးပါ။

(၁၁) အသားပိုတစ်ခုလုံးဖုံးအုပ်သွားအောင် လက်သည်းဆိုးဆေးဖြင့်ဆိုးပေးပါ။ လက်သည်းဆိုးဆေးခြောက် သွားတဲ့အခါ ထပ်၍ ဆိုးပေးပါ။ ဤနည်းအတိုင်း တနေ့ကို ၃-ကြိမ်ဆိုးပေးခြင်းဖြင့် ရက်အနည်းငယ် အကြာမှာ အသားပိုလုံးကြီးရာမှသေး/သေးရာမှ ချပ်သွားစေပါတယ်။

(၁၂) ဗီတာမင်အီး အိမ်သုံးဆေးဝါးကလည်း အသုံးတည့်လှပါတယ်။ ဗီတာမင်အီးကို ကြက်သွန်ဖြူ/ကြက်သွန်မြိတ်တို့ဖြင့် ရော ထောင်းပြီး တညလုံးလုံး အသားပိုပေါ်ကပ်၍အိပ်ပါ။ ဤကဲ့သို့ညစဉ်ကပ် အိပ်ပြီး ၂-ပတ်ခန့်အကြာမှာတော့ အသားပိုက သူ့အ လိုလို ပျောက်သွားပါလိမ့်မယ်။

(၁၃) ဂျင်းကိုခပ်ပါးပါး အပြားလေးလှီးပြီး၊ ပွတ်တိုက်ပေးခြင်းဖြင့် ရက်သတ္တတ် ၂-ပတ်အကြာ အသားပိုကြွေ ကျသွားပါလိမ့်မယ်။

အကယ်၍ အထက်ပါအိမ်တွင်းကုထုံးအသုံးပြုနေစဉ်ကာလအတွင်း အသားစိုင်သေးမသွားဘဲ၊ ပိုကြီးလာခြင်း၊ အရောင်ပြောင်း၍ လွန်စွာနာကျင်ကိုက်ခဲခြင်း၊ မျက်ခွံပေါ်တွင် အသားပိုလုံးများ ပိုမိုပွားများလာခြင်းရှိခဲ့ပါလျှင် အချိန်မဆွဲပါနှင့်။ အရေပြားဆရာဝန် ဖြင့် အမြန်ဆုံးဆေးဝါး ကုသမှုခံယူသင့်ပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)

(ကိုးကား။ Skin Tag Removal Network by Cooper Rainford on 7th July 2013)

admin