ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီး အပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး
ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီး အပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Unicode ဖြင့်ဖတ်ပါ
★★★★★
ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ် ။အိမ်တစ်အိမ်
မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ အလံထောင်ပြီး အကူအညီတောင်းရုံနဲ့တင် ပြည်သူတွေက လိုအပ်တာတွေပို့ပေးနေကြတာ ဖြစ်ပါတယ် ။ထို့အတူ ပရဟိတသမားတွေကလည်း သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို
ဖေးမကူညီပေးနေကြတာလည်း ဖြစ်ပါတယ် ။ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။သူက Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်း
ဆောင်ပြီး ပြည်သူတွေကို ကူညီနေတာ ဖြစ်ပါတယ် ။မနေ့ကတော့ သူတို့အဖွဲ့က ဗိုက်ဆာလို့ ထမင်းဆိုင်ရှေ့မှာကားရပ်ပြီးဆင်းဝယ်တာကို ဆိုင်ရှင်က ကြောက်လို့မရောင်းရဲဘူးဆိုပြီးပြောတာ ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။ထမင်းရော ဟင်းပါအများကြီးရှိပေမယ့်
လည်း သူတို့ကို မရောင်းရဲဘူးပြောတာကြောင့် တစ်ဖွဲ့လုံး ဘာလုပ်ရမှန်းမသိဖြစ်ပြီး အခက်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။ဒါကြောင့် ပါဆယ်လေးတော့ ရောင်းပေးပါဆိုပြီး ဆိုင်ပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ဝယ်ခဲ့ရပုံကို အဲ့ဒီလူငယ်လေးက ရင်ဖွင့်ပြောပြထားတာ
ဖြစ်ပါတယ် ။ဒီနေ့ ဖြစ်တဲ့ အဖြစ်ပျက်လေး ကျွန်တော်တို့က ပရဟိတ သမားတွေပါဗျာကိုယ့်စရိတ်ကိုယ်စားပီး ပြည်သူတွေကိုကူညီနေတာပါဗိုက်ဆာလို့ထမင်းဆိုင်ရှေ့မှာ ကားရပ်လိုက်တယ်ဆိုင်ရှင် အမကြီးက ဘာမှမရှိတော့ဘူးတဲ့ ကြည့်လိုက်တော့ ဟင်းရော
ထမင်းရောအများကြီး-မရောင်းရဲဘူးတဲ့ ကြောက်လို့တဲ့ကျွန်တော်တို့ ညီအကိုတွေ စိတ်ညစ်ပီး ဘာလုပ်ရမလဲမသိဖြစ်ကြတယ် ပါဆယ် လေးတော့ရောင်းပေးပါဗျာလို့ တောင်းပန်ပြီးဝယ်ရတယ်အရင်ရက်တွေက ကျွန်တော်တို့ကိုယ့်ပါသာကို ချက်စားကြတာပါဒီ
နေ့ က မနက်ထဲက ဘယ်သူမှမအားကြလို့ ဝယ်တာပါဗျာကျွန်တော်တို့လဲ အသက်အပိုမပါပါဘူးဗျာ အသက်တွေရင်းပီးကူညီပေးနေကြတာပါ ပြန်ကူညီပေးကြပါလို့ ပြောပါရစေ=သူရအောင်=09444556569-သကျနွယ်=လူမှုကူညီရေးအသင်းပဲခူးမြို့=Positive
လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့် “ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာ
အသက်တွေရင်းပြီးကူညီပေးနေကြတာပါ ပြန်ကူညီပေးကြပါလို့ ပြောပါရစေ-ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။credit-Source & Photo Credit-Thura Aung’s FB Acc
Zawgyi ဖြင့်ဖတ်ပါ
★★★★★
admin