.ကိုဗစ် ကူးစက်ခံရခြင်း ရှိ မရှိ စမတ်နာရီကနေ တဆင့် သိရှိနိုင်တော့မည်.

.ကိုဗစ် ကူးစက်ခံရခြင်း ရှိ မရှိ စမတ်နာရီကနေ တဆင့် သိရှိနိုင်တော့မည်.

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုဗစ် ကူးစက်ခံရခြင်း ရှိ မရှိ စမတ်နာရီကနေ တဆင့် သိရှိနိုင်တော့မည်..

ကိုဗစ် ကူးစက်ခံရခြင်း ရှိ မရှိ စမတ်နာရီ (Smart Watch) ကနေတဆင့် သိရှိနိုင်တော့မယ်လို့ နယူးယောက်မြို့ Icahn School of Medicine ကျောင်းက Warrior Watch လေ့လာမှုတစ်ရပ် အရ သိရပါတယ်။

အရင်တုန်းက ကိုဗစ်ပိုး ရှိ မရှိကို ဆေးရုံ၊ ဒါမှမဟုတ် ဆေးခန်းသွားပြီး စမ်းသပ်စစ်ဆေးမှ သိနိုင်တာဖြစ်ပေမယ့် ရောဂါလက္ခဏာတွေ မပြခင်၊ မဖျားခင်ကတည်းက ကိုဗစ်ပိုးကူးစက်နေတာကို စမတ်နာရီကနေ သိနိုင်မယ်လို့ Icahn School of Medicine ကျောင်းက လက်ထောက်ပါမောက္ခ ရော့ဘ်ဟီရာတန်က ပြောကြားခဲ့တာပါ။

မကြာသေးမီက စစ်တမ်းပြုစုလေ့လာတဲ့ Warrior Watch လေ့လာမှုမှာ ကိုယ့်ကို ကိုဗစ်ပိုး ကူးစက်ခံနေရပြီလားဆိုတာကို ဆေးရုံ၊ ဆေးခန်းသွားစစ်စရာမလိုသေးဘဲ စမတ်နာရီကနေ သိနိုင်မယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ပါမောက္ခ ရော့ဘ်ဟီရာတန်က “ကိုဗစ်ပိုး ကူးစက်ခံရသူဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းနေတာတွေကနေ နှလုံးခုံနှုန်း အများကြီး လှုပ်ရှားပြောင်းလဲစေတယ်ဆိုတာပါ။ ကိုဗစ်လူနာတွေဟာ နှလုံးခုန်နှုန်း ပြောင်းလဲမှုများရာမှာ နှလုံးခုန်နှုန်းကျဆင်းပြီး ပြောင်းလဲလာတာ သဘာဝပါ။ ဒါပေမဲ့ အတိအကျဖြစ်ဖို့ကတော့ နှလုံးခုန်နှုန်း ဘယ်လောက်ရှိတဲ့အနေအထားမှာ ကိုဗစ်ရှိတာကို သိနိုင်မလဲဆိုတာ ဆက်လေ့လာရဦးမယ်။” လို့ ပြောပါတယ်။

စမတ်နာရီကနေတဆင့် သိရမယ့် လူတွေရဲ့ နှလုံးခုန်နှုန်းကနေ ကိုဗစ်ပိုး ရှိ မရှိကို သိရှိနိုင်မှာဖြစ်ပြီး နှလုံးခုန်နှုန်း ကျဆင်းမယ်ဆိုရင်တော့ ရောဂါလက္ခဏာ မပြခင်ကတည်းက ဆေးစစ်တာတွေ ပြုလုပ်နိုင်မယ့်အတွက် အကျိုးရှိနိုင်မယ်လို့ ပြောပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကိုဗစ္ ကူးစက္ခံရျခင္း ရွိ မရွိ စမတ္နာရီကေန တဆင့္ သိရွိႏိုင္ေတာ့မည္..

ကိုဗစ္ ကူးစက္ခံရျခင္း ရွိ မရွိ စမတ္နာရီ (Smart Watch) ကေနတဆင့္ သိရွိႏိုင္ေတာ့မယ္လို႔ နယူးေယာက္ၿမိဳ႕ Icahn School of Medicine ေက်ာင္းက Warrior Watch ေလ့လာမႈတစ္ရပ္ အရ သိရပါတယ္။

အရင္တုန္းက ကိုဗစ္ပိုး ရွိ မရွိကို ေဆး႐ုံ၊ ဒါမွမဟုတ္ ေဆးခန္းသြားၿပီး စမ္းသပ္စစ္ေဆးမွ သိႏိုင္တာျဖစ္ေပမယ့္ ေရာဂါလကၡဏာေတြ မျပခင္၊ မဖ်ားခင္ကတည္းက ကိုဗစ္ပိုးကူးစက္ေနတာကို စမတ္နာရီကေန သိႏိုင္မယ္လို႔ Icahn School of Medicine ေက်ာင္းက လက္ေထာက္ပါေမာကၡ ေရာ့ဘ္ဟီရာတန္က ေျပာၾကားခဲ့တာပါ။

မၾကာေသးမီက စစ္တမ္းျပဳစုေလ့လာတဲ့ Warrior Watch ေလ့လာမႈမွာ ကိုယ့္ကို ကိုဗစ္ပိုး ကူးစက္ခံေနရၿပီလားဆိုတာကို ေဆး႐ုံ၊ ေဆးခန္းသြားစစ္စရာမလိုေသးဘဲ စမတ္နာရီကေန သိႏိုင္မယ္လို႔ ေလ့လာေတြ႕ရွိခဲ့ပါတယ္။

ပါေမာကၡ ေရာ့ဘ္ဟီရာတန္က “ကိုဗစ္ပိုး ကူးစက္ခံရသူဟာ ခႏၶာကိုယ္ထဲမွာ ေရာင္ရမ္းေနတာေတြကေန ႏွလုံးခုံႏႈန္း အမ်ားႀကီး လႈပ္ရွားေျပာင္းလဲေစတယ္ဆိုတာပါ။ ကိုဗစ္လူနာေတြဟာ ႏွလုံးခုန္ႏႈန္း ေျပာင္းလဲမႈမ်ားရာမွာ ႏွလုံးခုန္ႏႈန္းက်ဆင္းၿပီး ေျပာင္းလဲလာတာ သဘာဝပါ။ ဒါေပမဲ့ အတိအက်ျဖစ္ဖို႔ကေတာ့ ႏွလုံးခုန္ႏႈန္း ဘယ္ေလာက္ရွိတဲ့အေနအထားမွာ ကိုဗစ္ရွိတာကို သိႏိုင္မလဲဆိုတာ ဆက္ေလ့လာရဦးမယ္။” လို႔ ေျပာပါတယ္။

စမတ္နာရီကေနတဆင့္ သိရမယ့္ လူေတြရဲ႕ ႏွလုံးခုန္ႏႈန္းကေန ကိုဗစ္ပိုး ရွိ မရွိကို သိရွိႏိုင္မွာျဖစ္ၿပီး ႏွလုံးခုန္ႏႈန္း က်ဆင္းမယ္ဆိုရင္ေတာ့ ေရာဂါလကၡဏာ မျပခင္ကတည္းက ေဆးစစ္တာေတြ ျပဳလုပ္ႏိုင္မယ့္အတြက္ အက်ိဳးရွိႏိုင္မယ္လို႔ ေျပာပါတယ္။

admin