.မုန့်ဖတ်ထုပ် ရောင်းပြီး မိဘကျေးဇူးဆပ်နေတဲ့ အသက် (၉) နှစ် အရွယ် သားလေး ဖိုးလပြည့်.

.မုန့်ဖတ်ထုပ် ရောင်းပြီး မိဘကျေးဇူးဆပ်နေတဲ့ အသက် (၉) နှစ် အရွယ် သားလေး ဖိုးလပြည့်.

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မုန့်ဖတ်ထုပ် ရောင်းပြီး မိဘကျေးဇူးဆပ်နေတဲ့ အသက် (၉) နှစ် အရွယ် သားလေး ဖိုးလပြည့်

မြောက်ဒဂုံ မန္တလေးလမ်းဘက်မှာ စက်ဘီးအသေးလေးနဲ့ ဦးထုတ်လေးဆောင်းပြီး မုန့်ဖက်ထုတ်ရောင်းနေတဲ့ သားလေး အောင်သူဟိန်းကျော်(ခ)ဖိုးလပြည့် ကိုတွေ့ရင်အားပေးကြပါအုံး အမျိုးတို့ရေ။

သားလေးက အသက် (၉) နှစ်ပဲ ရှိပါသေးတယ်။ အမေနဲ့အဖေကလည်း မုန့်ဖတ်ထုတ် ရောင်းပါတယ်။ အမက အိမ်မှုကိစ္စကိစ္စလေးတွေလုပ်ပြီး ညီမလေးက အမနဲ့အိမ်မှာ ကျန်ခဲ့ပါတယ်တဲ့။

မြောက်ဒဂုံ (၃၃) ရပ်ကွက် သန္တာလမ်းမှာ နေပါတယ်တဲ့ သားလေးက စကားပြောတာချစ်ဖို့ကောင်းတယ်။ အရွယ်နဲ့ မလိုက်အောင် စက်ဘီးလေးနင်းပြီး ရပ်ကွက်တွေ ပတ်ပြီး မုန့်ဖတ်ထုတ် ရောင်းပါတယ်။

ကျွန်တော်လည်း မုန့်ဖတ်ထုတ်တွေ အားပေးလိုက်ပြီး မုန့်ဖိုးပေးလိုက်ပါသေးတယ်။ ကျွန်တော့်ကို ပြန်ခါနီး သူ့ညီမလေးမွေးနေ့က ဖေဖော်ဝါရီ (၁၄) ရက်နေ့တဲ့။

အဲဒီနေ့ကျရင် သားရဲ့အိမ်ကို လာခဲ့ပါတဲ့ ညီမလေးအတွက် မွေးနေ့ပွဲလေး လုပ်ပေးမလို့တဲ့။ ဒီအရွယ်လေးနဲ့ မိသားစုအတွက်လည်း အားကိုးရတဲ့အပြင် ညီမလေးကိုလည်း ချစ်တတ်တဲ့သားလေး

လိုအင်ဆန္ဒတွေ အားလုံးပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ် သားသားရေ။

Kyaw Kyaw Thant

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Kyaw Kyaw Thant

admin