.အဘိဓမ္မာ (၇) ကျမ်းကို နေ့ညမပြတ်ဘဲ (၁၁) ရက်တိတိ ပူဇော်မယ့် သံဃာတော် (၂၄) ပါး အတွက် အလှူငွေ (၁၁) သိန်း လှူဒါန်းခဲ့တဲ့ ဆုအိမ့်စံ.
ေဇာ္ဂ်ီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီး လက်ရှိမှာလည်း ကြော်ငြာတွေနဲ့ Live Sale လေးတွေလုပ်နေတဲ့ ဆုအိမ့်စံ တစ်ယောက် သူမရဲ့အနုပညာကြေးထဲကနေ အဘိဓမ္မာ (၇) ကျမ်း ကို နေ့ညမပြတ်အသံမစဲ မဟာပဌာန်းပွဲအဖြစ် ရွတ်ဖတ်ပူဇော်မယ့် သံဃာတော် (၂၄) ပါးအတွက် အလှူငွေ (၁၁) သိန်းလှူဒါန်းခဲ့ပါတယ်။
အလုပ်တွေကောင်းသလို စေတနာလည်းကောင်းတဲ့ ဆုဆုတစ်ယောက် ဒီထက်မက အောင်မြင်နိုင်ဖို့ ပရိသတ်တွေက ဆုတောင်းစကားတွေအများကြီးပြောခဲ့ပါတယ်။ (၂၀၂၁) နှစ်သစ်အတွက် သူမရဲ့အလှူဒါနလေးဖြစ်ပြီး အားလုံးလည်းသူမနဲ့ထပ်တူ ကုသိုလ်ရစေဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။
ဒီလိုကြည်နူးစရာအလှူပုံရိပ်လေးတွေကို ” နှစ်သစ် အလှူလေးပါ အဘိဓမ္မာ (၇) ကျမ်းလုံးအား နေ့ညမပြတ်အသံမစဲတရားကို (၁၁) ရက်တိတိ ရွတ်ဖတ်ပူဇော်မည့်သံဃာတော် (၂၄) ပါး အတွက် အလှူငွေ (ဆယ့်တစ်သိန်း တိတိ) လှူဒါန်းခဲ့ပါတယ် ဆုဆုရဲ့အလှူလေးကို နတ် လူ သာဓုခေါ်စေသော် သာဓုခေါ်ရျ် ကုသိုလ် ထပ်တူထပ်မျှရပါစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Hsu Eaint San
Zawgyi ဖြင့်ဖတ်ပါ
★★★★★
ဒီလိုကြည်နူးစရာအလှူပုံရိပ်လေးတွေကို ” နှစ်သစ် အလှူလေးပါ အဘိဓမ္မာ (၇) ကျမ်းလုံးအား နေ့ညမပြတ်အသံမစဲတရားကို (၁၁) ရက်တိတိ ရွတ်ဖတ်ပူဇော်မည့်သံဃာတော် (၂၄) ပါး အတွက် အလှူငွေ (ဆယ့်တစ်သိန်း တိတိ) လှူဒါန်းခဲ့ပါတယ် ဆုဆုရဲ့အလှူလေးကို နတ် လူ သာဓုခေါ်စေသော် သာဓုခေါ်ရ်ျ ကုသိုလ် ထပ်တူထပ်မျှရပါစေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Hsu Eaint San