မွေးနေ့လေးမှာ Surprise လုပ်ပေးခဲ့ကြသူတွေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ သင်ဇာဝင့်ကျော်

မွေးနေ့လေးမှာ Surprise လုပ်ပေးခဲ့ကြသူတွေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ သင်ဇာဝင့်ကျော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ဆွဲဆောင်မှုအပြည့်ရှိပြီး ပုရိသတွေဝန်းရံခြင်းခံရတဲ့ မော်ဒယ်လ်၊သရုပ်ဆောင်ကတော့ သင်ဇာဝင့်ကျော်ပါ။ သင်ဇာဝင့်ကျော်ကတော့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားသလို ပွင့်ပွင့်လင်းလင်းနဲ့ ဟန်မဆောင်တတ်တဲ့စရိုက်ကြောင့် လူချစ်လူခင်များသူလည်း ဖြစ်ပါတယ်။

ဒီနေ့ကတော့ သင်ဇာဝင့်ကျော်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေကတော့ ညဘက်ကြီးမှာ Birthday Surprise လုပ်ပေးခဲ့ကြတာပါ။ သင်ဇာကတော့ အခုလိုမျိုးဂရုစိုက်ပေးတဲ့သူတွေကြောင့်လည်း ပျော်ရွှင်ကြည်နူးနေခဲ့တာဖြစ်ပြီး ပရိသတ်တွေကိုလည်း အပျော်တွေမျှဝေခဲ့ပါတယ်။ ပရိသတ်တွေကတော့ မွေးနေ့လေးမှာ မပျက်မကွက်ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြတာပါ။

အနုပညာလောကကိုလျှောက်လှမ်းလာတာ ဆယ်စုနှစ်ကျော်ရှိပြီဖြစ်ပြီး လှပနုပျိုပြီးညှို့အားပြင်းအလှတွေကိုပိုင်ဆိုင်ထားတဲ့သင်ဇာဝင့်ကျော်ကတော့ အနုပညာအလုပ်တွေလည်း ဆက်လက်လုပ်ကိုင်လျက်ပါ။ မွေးနေ့မှစပြီး ပရိသတ်အချစ်တွေနဲ့အတူ အောင်မြင်မှုများစွာပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : ThinzarWintKyaw

admin