ခါးအရိုး အက်ကျိုးသွားတဲ့ဒဏ်ရာနဲ့ ဆေးရုံတက်နေရတဲ့ ချစ်ဇနီး ချစ်သုဝေရဲ့ ကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ လင်းလင်း

ခါးအရိုး အက်ကျိုးသွားတဲ့ဒဏ်ရာနဲ့ ဆေးရုံတက်နေရတဲ့ ချစ်ဇနီး ချစ်သုဝေရဲ့ ကျန်းမာရေးအခြေအနေကိုပြောပြလာတဲ့ လင်းလင်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




ဆယ်လီကွန်နက်ရှင်
Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းတွေမှာ အောင်မြင်မှု ကိုယ်စီ ရရှိနေသလို စိတ်ထားပြည့်ဝပြီး အများအကျိုး သယ်ပိုးတတ်တဲ့ လေးစားဖွယ်စိတ်ဓာတ်ကြောင့် ပရိသတ်တွေက ချစ်ခင်အားကျနေရတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက စိတ်တူကိုယ်တူရှိကြတဲ့ ဇနီးမောင်နှံပီပီ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို အတူတကွ ပုံဖော်ထားကြသလို စီးပွားရေးအလုပ်၊ လူမှုရေးအလုပ်တို့မှာလည်း ညှိနှိုင်းစရာမလိုလောက်အောင် သဘောထားချင်း ထပ်တူကျတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချစ်သုဝေက ခါးအရိုး အက်ကျိုးသွားတဲ့ဒဏ်ရာနဲ့ ဆေးရုံတက်နေရတာဖြစ်ပြီး လင်းလင်းကလည်း ချစ်ဇနီးလေး ချစ်သုဝေရဲ့ ကျန်းမာရေးအခြေအနေကို “ခါးအရိုး အက်/ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး :))) Fighting Hon ” ဆိုပြီး ချစ်သုဝေနံဘေးကနေ လိုလေသေးမရှိ ပြုစုနေတဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ မမျှော်လင့်ထားတဲ့ ဒဏ်ရာတစ်ခုကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး ခင်ပွန်းသည် လင်းလင်းကလည်း နံဘေးကနေ လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေတစ်ယောက် အမြန်ဆုံး နေကောင်းကျန်းမာပါစေလို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

admin