ဒုတိယမြောက်သမီးလေး မွေးဖွားရတဲ့ အတွေ့အကြုံနဲ့ သားကျောဖြတ်ရတဲ့အကြောင်းကို ဗဟုသုတရအောင် ပြန်လည်ဝေမျှလာတဲ့ အိတုံရဲ့ ဗီဒီယိုဖိုင်

ဒုတိယမြောက်သမီးလေး မွေးဖွားရတဲ့ အတွေ့အကြုံနဲ့ သားကျောဖြတ်ရတဲ့အကြောင်းကို ဗဟုသုတရအောင် ပြန်လည်ဝေမျှလာတဲ့ အိတုံရဲ့ ဗီဒီယိုဖိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Video ကြည့်ရန်

Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်ပရိသတ်ကြီးရေ နိုဝင်ဘာလ ၃၀ရက်နေ့လေးမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် အိအိတုံက ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားလိုက်ပြီပဲဖြစ်ပါတယ်။ ပထမဆုံး ရင်သွေးလေးကလည်း သမီးလေးဖြစ်လို့ ယခုမွေးဖွားထားတဲ့ ဒုတိယမြောက်သမီးလေးနဲ့ အဖော်ရပြီလို့ ပရိသတ်တွေကလည်း ပြောဆိုနေကြတာပါ။ သမီးလေးဟာဆိုရင် အိတုံရဲ့ ဘဝထဲကို ဝင်ရောက်လာကတည်းက ကံကောင်းခြင်းတွေပဲ ယူဆောင်လာခဲ့တာဖြစ်လို့ အိတုံတို့ မိသားစုလေးက အတိုင်းမသိပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။

အိတုံရဲ့ ဒုတိယမြောက် သမီးလေးကလည်း မွေးခန်းထဲက ထွက်ထွက်ချင်းမှာ အသည်းယားစရာကောင်းလောက်အောင်နီတာရဲလေးဖြစ်ပြီး ချစ်စရာကောင်းလွန်းနေတာပါ။ သမီးလေး မွေးဖွားပြီးကတည်းက လူကောင်းပကတိလို သွားလာလှုပ်ရှားပြီး နေထိုင်နိုင်တာကြောင့် အိတုံကိုလည်း ပရိသတ်တွေက အတော်လေး အံ့သြနေကြတာပါ။

အိတုံကလည်း သူမရဲ့ ဒုတိယမြောက်ရင်သွေးလေး မွေးဖွားရတဲ့ အတွေ့အကြုံနဲ့ သားကျောဖြတ်ရတဲ့ အကြောင်းကို ပရိသတ်တွေ သိရှိစေရန်အတွက် သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ Liveလွှင့်ကာ ပြောပြခဲ့ပါတယ်။သရုပ်ဆောင် အိအိတုံရဲ့ အဆိုပါ Liveဗီဒီယိုလေးကို ပရိသတ်တွေ ကြည့်ရှုစေရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ ပရိသတ်တွေကလည်း အိတုံတို့ မိသားစုလေးကို ဆက်ပြီးချစ်ပေးကြမယ်မလား….။

Video ကြည့်ရန်

Swelsone News

admin