(၅) နှစ်ကျော် လက်တွဲလာခဲ့တဲ့ ချစ်သူနိုင်ငံခြားသားလေးနဲ့ ရွှေလက်တွဲ လက်ထပ်လိုက်ပြီဖြစ်တဲ့ အမွန်း

(၅) နှစ်ကျော် လက်တွဲလာခဲ့တဲ့ ချစ်သူနိုင်ငံခြားသားလေးနဲ့ ရွှေလက်တွဲ လက်ထပ်လိုက်ပြီဖြစ်တဲ့ အမွန်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ထူးျခားတဲ့ ကိုယ္ပိုင္စတုိင္နဲ့ သီခ်င္းေတြကို ျမဴးျမဴးၾကြၾကြ သီဆိုတတ္တဲ့ အဆိုေတာ္မေလး အမြန္းကေတာ့ လူငယ္ပရိသတ္ေတြရဲ့ အားေပးမႈကို အခုိင္အမာရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ အမြန္းကေတာ့ သူမရဲ့ ဂီတလမ္းေၾကာင္းေလွ်ာက္လွမ္းမႈကိုသာမက သူမရဲ့ အခ်စ္ေရးနဲ့ ပက္သတ္ျပီးလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းခ်ျပထားတာပဲ ျဖစ္ပါတယ္။ အမြန္းရဲ့ ခ်စ္သူကေတာ့ တိုင္းတစ္ပါးသားျဖစ္ေပမယ့္ အမြန္းကို အရမ္းခ်စ္ျပီး မိသားစုရဲ့ ဓေလ့ရိုးရာ အစဥ္အလာကို ေလးစားစြာ လိုက္နာတတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္၊ ၾသဂုတ္လအတြင္းက ခ်စ္သူသက္တမ္း (၄) နွစ္ျပည့္ေန့မွာ လက္ထပ္ခြင့္ေတာင္းခံခဲ့ရတဲ့ အမြန္းကေတာ့ (၂၀၂၀) နွစ္ကုန္ပိုင္းမွာ လက္ထပ္မယ္လို့ ပြင့္ပြင့္လင္းလင္းေျပာထားတာပဲ ျဖစ္ပါတယ္။ ေျပာထားတဲ့အတိုင္းပဲ ဒီကေန့ နိုဝင္ဘာလ (၃၀) ရက္ေန့မွာေတာ့ အမြန္းက ဘုရားေက်ာင္းမွာ မဂၤလာေဆာင္ခဲ့တဲ့ သူမတို့ ခ်စ္သူနွစ္ေယာက္ရဲ့ ဓာတ္ပံုေတြကိုခ်ျပျပီး နွစ္ဦးသေဘာတူ လက္ထပ္ခဲ့ျပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလာခဲ့ပါတယ္။

အမြန္းကေတာ့ လူမ်ိဳးျခင္းမတူညီေပမယ့္ နွလံုးသားခ်င္း ထပ္တူက်တဲ့ ခ်စ္သူေလးနဲ့ ေရႊလက္တြဲ လက္ထပ္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အိမ္ေထာင္ရွင္ျဖစ္သြားျပီျဖစ္တဲ့ အမြန္းအတြက္ ဝမ္းသာဂုဏ္ျပဳစကားေလး ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ah Moon’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

(၅) နှစ်ကျော် လက်တွဲလာခဲ့တဲ့ ချစ်သူနိုင်ငံခြားသားလေးနဲ့ ရွှေလက်တွဲ လက်ထပ်လိုက်ပြီဖြစ်တဲ့ အမွန်း

ထူးခြားတဲ့ ကိုယ်ပိုင်စတိုင်နဲ့ သီချင်းတွေကို မြူးမြူးကြွကြွ သီဆိုတတ်တဲ့ အဆိုတော်မလေး အမွန်းကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ အမွန်းကတော့ သူမရဲ့ ဂီတလမ်းကြောင်းလျှောက်လှမ်းမှုကိုသာမက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတာပဲ ဖြစ်ပါတယ်။ အမွန်းရဲ့ ချစ်သူကတော့ တိုင်းတစ်ပါးသားဖြစ်ပေမယ့် အမွန်းကို အရမ်းချစ်ပြီး မိသားစုရဲ့ ဓလေ့ရိုးရာ အစဉ်အလာကို လေးစားစွာ လိုက်နာတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ သြဂုတ်လအတွင်းက ချစ်သူသက်တမ်း (၄) နှစ်ပြည့်နေ့မှာ လက်ထပ်ခွင့်တောင်းခံခဲ့ရတဲ့ အမွန်းကတော့ (၂၀၂၀) နှစ်ကုန်ပိုင်းမှာ လက်ထပ်မယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတာပဲ ဖြစ်ပါတယ်။ ပြောထားတဲ့အတိုင်းပဲ ဒီကနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့မှာတော့ အမွန်းက ဘုရားကျောင်းမှာ မင်္ဂလာဆောင်ခဲ့တဲ့ သူမတို့ ချစ်သူနှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုချပြပြီး နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

အမွန်းကတော့ လူမျိုးခြင်းမတူညီပေမယ့် နှလုံးသားချင်း ထပ်တူကျတဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ထောင်ရှင်ဖြစ်သွားပြီဖြစ်တဲ့ အမွန်းအတွက် ဝမ်းသာဂုဏ်ပြုစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ah Moon’s fb
Bilie – Cele Connections

admin