We Love Fan Group ထဲက ပရိသတ်တွေကို တစ်သောင်းတန်တွေအထပ်လိုက်နဲ့ တန်ဆောင်တိုင်မုန့်ဖိုးပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ဖြူဖြူထွေး

We Love Fan Group ထဲက ပရိသတ်တွေကို တစ်သောင်းတန်တွေအထပ်လိုက်နဲ့ တန်ဆောင်တိုင်မုန့်ဖိုးပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ဖြူဖြူထွေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

We Love Fan Group ထဲက ပရိသတ်တွေကို တစ်သောင်းတန်တွေအထပ်လိုက်နဲ့ တန်ဆောင်တိုင်မုန့်ဖိုးပေးပြီး ပျော်ရွှင်စေခဲ့တဲ့ ဖြူဖြူထွေး

ရိုးသားဖြူစင်ပြီး ပကာသနမရှိလို့ ပရိသတ်တွေချစ်ကြတဲ့ ဖြူဖြူထွေးက အခုဆိုရင် အနုပညာလောကမှာ နေရာလေးတစ်နေရာ ရစပြုနေပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အောင်မြင်တဲ့နေရာတစ်ခုကို ရရှိနေပြီး ပရိသတ်အခိုင်အမာရရှိနေပြီဆိုပေမယ့် သူမရဲ့ဘဝကို အရိုးရှင်းဆုံးသာနေထိုင်နေလျက်ရှိပါတယ်။ ဖြူဖြူထွေးက သူမရရှိလာသမျှ အနုပညာကြေးတွေကိုလည်း တတ်နိုင်သလောက် ခွဲဝေလှူဒါန်းပေးနေတာကြောင့် ပရိသတ်တွေရဲ့ မေတ္တာကို ပိုလို့တောင်ရရှိနေတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ We Love Fan Group ထဲက ပရိသတ်တွေကို အမြဲတမ်းအချိန်ပေးပြီး မိသားစုလို သဘောထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဖြူဖြူထွေးက သူမရဲ့ ချစ်ပရိသတ်တွေ ပျော်ရွှင်ရအောင် We Love Fan Group ထဲက အမာခံပရိသတ်တွေကို တစ်ယောက်ကို ငွေတစ်သောင်းကျပ်နှုန်းနဲ့ တစ်သောင်းတန်တွေ အထပ်လိုက် မုန့်ဖိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဖြူဖြူထွေးတော့ အနီးအနားကလူတွေကိုလည်း အမြဲတမ်း လှူဒါန်းကုသိုလ်ယူမှုတွေကို ပြုလုပ်သလို သူမရဲ့ ဒုတိယမြောက်မိသားစုတွေဖြစ်ကြတဲ့ Fan Group ထဲက ပရိသတ်တွေကိုလည်း ပျော်ရွှင်ရအောင် ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဖြူဖြူထွေးလေးတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nway April Hlaing’s fb
Bilie – Cele Connections

admin