သူမဖြစ်ချင်တဲ့ဆန္ဒအတိုင်း တစ်နေ့တာလုပ်အားခထဲမှ ငွေ ၉သိန်းကျပ်ကို သာသနာအတွက် လှူဒါန်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
သူမဖြစ်ချင်တဲ့ဆန္ဒအတိုင်း တစ်နေ့တာလုပ်အားခထဲမှ ငွေ ၉သိန်းကျပ်ကို သာသနာအတွက် လှူဒါန်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Celebrity News
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။
အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေရပ်နားထားကြရတာပါ။ Stay Homeကာလမှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေမရှိအောင် မအားမလပ်နဲ့ဖြစ်လောက်ထိပါပဲနော်။
ဒါ့အပြင် အနုပညာမောင်နှံစုံတွဲ ဖြစ်တွဲ ဖြစ်တဲ့ နှိုင်းယှဉ်နဲ့ ကိုဘင်းကတော့ အမြဲအလုပ်လုပ်လို့ရတဲ့ပိုက်ဆံတွေထဲက တတ်နိုင်သမျှအလှူအတန်းတွေဆက်တိုက်လုပ်နေသူတွေပါ။ဒီနေ့မှာလည်း ”
ဒီနေ့ ချက်ချင်းဖြစ်ချင်တဲ့ဆန္ဒကို ချက်ချင်းအကောင်အထည်ဖော်လိုက်ပါသည်။ယနေ့အလုပ်လုပ်လို့ရသော လုပ်အားခထဲမှ နဂါးရစ်ဆရာတော်ဘုရားကြီးသိက္ခာထပ်အတွက် အလှုငွေ ၅သိန်း….နဂါးရစ်တော်ကျောင်းတွင် ကထိန် ပဒေသာပင်အတွက်အလှုငွေ ၃သိန်း….
နဂါးရစ်တောင် ကျောင်းတွင် ရွှေတိဂုံစေတီတော်ပုံတူတည်ရနိ အလှုငွေတစ်သိန်း….ကို နှစ်ဖက်မိဘများ ဘဝအဆက်ဆက်ကတော်ဆက်ဖူးသော ဆွေတော်ရှစ်သောင်းမျိုးတော်အပေါင်းအားရည်စူး၍လှုဒါနိးပေးပါတယ်။”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Celebrity News
admin