လက်ရှိရရှိနေတဲ့ဘဝမှာ သူမရဲ့ စိတ်ရောကိုယ်ပါ အေးချမ်းစေနိုင်တဲ့ တစ်ခုတည်းသောအရာကို ပြောပြလာတဲ့ ဖြူဖြူထွေး

လက်ရှိရရှိနေတဲ့ဘဝမှာ သူမရဲ့ စိတ်ရောကိုယ်ပါ အေးချမ်းစေနိုင်တဲ့ တစ်ခုတည်းသောအရာကို ပြောပြလာတဲ့ ဖြူဖြူထွေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္တိုင္း ခ်စ္ၾကတဲ့ ျဖဴျဖဴေထြးကေတာ့ ႐ိုးသားၿပီး ဟန္ေဆာင္မႈမရွိတာေၾကာင့္ နာမည္ေကာင္းနဲ႔ ေက်ာ္ၾကားသူေလးတစ္ေယာက္ပါ။ တစ္ေန႔တစ္ျခား ေအာင္ျမင္လာၿပီး ေၾကာ္ျငာေတြကို လက္မလည္ေအာင္ ႐ိုက္ကူးရတဲ့ ျဖဴျဖဴေထြးက သူမရရွိသမွ် အႏုပညာေၾကးေတြကို တတ္ႏိုင္သေလာက္ေလး ခြဲေဝလႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ အမ်ားအက်ိဳးဆို ထိပ္ဆုံးကေန ကူညီေပးခ်င္တဲ့ ျဖဴျဖဴေထြးက ပရိသတ္ေတြၾကားမွာသာမက အႏုပညာအသိုင္းအဝိုင္းမွာပါ ေက်ာ္ၾကားသူေလး ျဖစ္ပါတယ္။

ခ်ိဳ႕တဲ့တဲ့ဘဝကေန ႐ိုးသားႀကိဳးစားမႈေၾကာင့္ ေန႔ခ်င္းညခ်င္း လူတကာမက္ေမာရတဲ့ စည္းစိမ္ဥစၥာေတြကို ရရွိေနၿပီျဖစ္တဲ့ ျဖဴျဖဴေထြးကေတာ့ ရရွိလာတဲ့ ေအာင္ျမင္မႈ၊ ေက်ာ္ၾကားမႈနဲ႔ ေငြေၾကးေတြအေပၚ မာန္မာနေထာင္လႊားျခင္းမရွိပဲ ေအးေအးခ်မ္းခ်မ္းသာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ျပည့္စုံၿပီး အပူအပင္ကင္းတဲ့ဘဝကို ပိုင္ဆိုင္ထားေနၿပီျဖစ္တဲ့ ျဖဴျဖဴေထြးကေတာ့ “အလႉေလးကေတာ့ ျဖဴျဖဴရင္ထဲေအးခ်မ္းတယ္” ဆိုျပီး သူမရဲ႕ စိတ္ေရာကိုယ္ပါ ေအးခ်မ္းေစႏိုင္တဲ့ တစ္ခုတည္းေသာအရာကို ေျပာျပလာပါတယ္။

ျဖဴျဖဴေထြးကေတာ့ သူမကိုယ္တိုင္လည္း ခက္ခဲျပီး ရံုးကန္ခဲ့ရတာမို့ ခ်ိဳ့တဲ့ေနသူေတြကိုျမင္ရင္ အယုတ္အလတ္အျမတ္မေရြး အျမဲတမ္း ေထာက္ပံ့ေနတာပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းတဲ့ ျဖဴျဖဴေထြးေလးတစ္ေယာက္ အျမဲတမ္း ေပးကမ္းေဝမွ်နုိင္တဲ့ လက္တစ္စံုကို ရရိွပိုင္ဆိုင္နိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

လက်ရှိရရှိနေတဲ့ဘဝမှာ သူမရဲ့ စိတ်ရောကိုယ်ပါ အေးချမ်းစေနိုင်တဲ့ တစ်ခုတည်းသောအရာကို ပြောပြလာတဲ့ ဖြူဖြူထွေး

ပရိသတ်တိုင်း ချစ်ကြတဲ့ ဖြူဖြူထွေးကတော့ ရိုးသားပြီး ဟန်ဆောင်မှုမရှိတာကြောင့် နာမည်ကောင်းနဲ့ ကျော်ကြားသူလေးတစ်ယောက်ပါ။ တစ်နေ့တစ်ခြား အောင်မြင်လာပြီး ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးရတဲ့ ဖြူဖြူထွေးက သူမရရှိသမျှ အနုပညာကြေးတွေကို တတ်နိုင်သလောက်လေး ခွဲဝေလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ အများအကျိုးဆို ထိပ်ဆုံးကနေ ကူညီပေးချင်တဲ့ ဖြူဖြူထွေးက ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ကျော်ကြားသူလေး ဖြစ်ပါတယ်။

ချို့တဲ့တဲ့ဘဝကနေ ရိုးသားကြိုးစားမှုကြောင့် နေ့ချင်းညချင်း လူတကာမက်မောရတဲ့ စည်းစိမ်ဥစ္စာတွေကို ရရှိနေပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ ရရှိလာတဲ့ အောင်မြင်မှု၊ ကျော်ကြားမှုနဲ့ ငွေကြေးတွေအပေါ် မာန်မာနထောင်လွှားခြင်းမရှိပဲ အေးအေးချမ်းချမ်းသာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပြည့်စုံပြီး အပူအပင်ကင်းတဲ့ဘဝကို ပိုင်ဆိုင်ထားနေပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ “အလှူလေးကတော့ ဖြူဖြူရင်ထဲအေးချမ်းတယ်” ဆိုပြီး သူမရဲ့ စိတ်ရောကိုယ်ပါ အေးချမ်းစေနိုင်တဲ့ တစ်ခုတည်းသောအရာကို ပြောပြလာပါတယ်။

ဖြူဖြူထွေးကတော့ သူမကိုယ်တိုင်လည်း ခက်ခဲပြီး ရုံးကန်ခဲ့ရတာမို့ ချို့တဲ့နေသူတွေကိုမြင်ရင် အယုတ်အလတ်အမြတ်မရွေး အမြဲတမ်း ထောက်ပံ့နေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဖြူဖြူထွေးလေးတစ်ယောက် အမြဲတမ်း ပေးကမ်းဝေမျှနိုင်တဲ့ လက်တစ်စုံကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyu Phyu Htwe’s fb
Bilie – Cele Connections

admin