သူမလည်ပတ်ဖူးခဲ့သမျှ ဥရောပတိုက်က နာမည်ကြီးအမ်စတာဒမ်မြို့ရဲ့ စိတ်ဝင်စားစရာအချက်တစ်ခုကို ဗဟုသုတပြောလာတဲ့ မိုးဟေကို
သူမလည်ပတ်ဖူးခဲ့သမျှ ဥရောပတိုက်က နာမည်ကြီးအမ်စတာဒမ်မြို့ရဲ့ စိတ်ဝင်စားစရာအချက်တစ်ခုကို ဗဟုသုတပြောလာတဲ့ မိုးဟေကို
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source: Moe Hay Ko’s fb
Unicode ဖြင့်ဖတ်ပါ
★★★★★
အသားအရည် ညိုစိမ့်စိမ့်လေးနဲ့ အရမ်းလှတဲ့ မင်းသမီးချောလေး မိုးဟေကိုကို လူကြီး၊ လူငယ်ပရိသတ်တိုင်း ကြိုက်နှစ်သက် အားပေးကြမယ် ထင်ပါတယ်။ မိုးဟေကိုက အောင်မြင်နေဆဲအချိန်မှာတင် သူမ မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာလောကကနေ ခဏတာထွက်ခွာသွားခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးဟေကိုက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး ပရိသတ်တွေနဲ့ ထိတွေ့နိုင်ဖို့ သူမနဲ့ပက်သတ်တဲ့အကြောင်းအရာတွေကို ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း မိုးဟေကိုက သူမသွားရောက်လည်ပတ်ဖူးတဲ့ ဥရောပတိုက်က မြို့ကြီးတစ်မြို့ဖြစ်တဲ့ အမ်စတာဒမ်မြို့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ဒီတစ်ခေါက် ရှင်တို့လေးတွေ မိုးနဲ့ လိုက်ခဲ့ရမယ့်နေရာလေးက Amsterdam (အမ်စတာဒမ်)တဲ့ နယ်သာလန်နိုင်ငံရဲ့ မြို့တော်ပေါ့ အနုပညာလက်ရာတွေအများကြီးတဲ့ ကမ္ဘာကျော်ပြတိုက်ကြီးတွေရှိတဲ့နေရာပေါ့။ ဥရောပဆိုတော့ သိကြတဲ့အတိုင်း နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တဲ့ထွက်တဲ့ နေရာတွေပေါ့၊ ပြီးတော့ ကမ္ဘာပေါ်မှာ စက်ဘီးတွေအများဆုံးရှိတဲ့ မြို့တွေထဲက တစ်မြို့လို့ပြောကြတယ်။ ”
“မြို့ရဲ့ လူဦးရေထက်တောင်စက်ဘီးတွေက ပိုများသေးတယ်တဲ့။ ဘာလို့ အမ်စတာဒမ်က စက်ဘီးတွေအကြောင်းသိနေတာလဲဆိုတော့ မိုးက စက်ဘီးစီးရတာ ကြိုက်တဲ့သူတစ်ယောက်မို့လို့ပေါ့ရှင်။ မိုးနဲ့ အတူတူ စက်ဘီးလိုက်စီးချင်ကြတဲ့သူများ ရှင်တို့လေးတွေမှာပါနေမလား? အော်… ဒါနဲ့ မိုးက စက်ဘီးကို အားကစားအနေနဲ့စီးတာဆိုတော့ အရမ်းမြန်တယ်နော် ရှင်တို့လေးတွေ မီအောင်လိုက်ခဲ့ကြ။” ဆိုပြီး သူမသိထားသမျှ အကြောင်းအရာလေးကို ဗဟုသုတအနေနဲ့ ဝေမျှပေးလာပါတယ်။
မိုးဟေကိုကတော့ သူမလည်ပတ်ဖူးခဲ့သမျှတွေထဲက အမ်စတာဒမ်မြို့ရဲ့ နာမည်ကြီးအချက်တစ်ချက်ကို ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အမ်စတာဒမ်မြို့ရဲ့ နာမည်ကြီးတဲ့ အကြောင်းအရာတွေသိရင် ပြောပြပေးခဲ့ကြဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Moe Hay Ko’s fb
Bilie – Cele Connections
admin