အသက် (၁၈) ဝန်းကျင်မှာပဲ ကိုယ်ပိုင်ဝင်ငွေနဲ့ သိန်း (၆၀၀) ကျော်တန်ဖိုးရှိတဲ့ ဇိမ်ခံကား အသစ်စက်စက်ကြီးကို ဝယ်စီးနိုင်ခဲ့ပြီဆိုတဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ အုပ်စိုးခန့်

အသက် (၁၈) ဝန်းကျင်မှာပဲ ကိုယ်ပိုင်ဝင်ငွေနဲ့ သိန်း (၆၀၀) ကျော်တန်ဖိုးရှိတဲ့ ဇိမ်ခံကား အသစ်စက်စက်ကြီးကို ဝယ်စီးနိုင်ခဲ့ပြီဆိုတဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ အုပ်စိုးခန့်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Cele Zone
Photo – Oak Soe Khant

Unicode ဖြင့်ဖတ်ပါ
★★★★★

အသက် (၁၈) ဝန်းကျင်မှာပဲ ကိုယ်ပိုင်ဝင်ငွေနဲ့ သိန်း (၆၀၀) ကျော်တန်ဖိုးရှိတဲ့ ဇိမ်ခံကား အသစ်စက်စက်ကြီးကို ဝယ်စီးနိုင်ခဲ့ပြီဆိုတဲ့ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ အုပ်စိုးခန့်

အသက်ငယ်ငယ်လေးနဲ့ ဂီတအနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုရရှိထားတဲ့ အုပ်စိုးခန့်ဟာ ငယ်စဉ်ကတည်းကအိပ်မက် မက်ခဲ့ရတဲ့ အမိုက်စားကားကြီးကို အသက် (၁၈) နှစ်မှာ ကိုယ်ပိုင်ဝင်ငွေနဲ့ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

မိဘတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးသလို ကိုယ်တိုင်အတွက်လည်း အကျိုးရှိအောင်နေထိုင်ပြီး လိုအပ်တာတွေကို စုဆောင်းပြီးဝယ်နိုင်တာ တကယ်ကို အရည်အချင်းပြည့်ဝပါတယ်။

အမျိုးသမီးငယ်လေးတွေနဲ့ အားပေးမှုကိုလည်း အပြည့်အဝရရှိထားပြီး သီချင်းကောင်းလေးတွေကိုလည်းဖန်တီးတတ်ပါသေးတယ်။ ဒီနေ့မှာလည်း သူ့ရဲ့ကားသစ်ကြီးနဲ့ ကြော်ငြာရိုက်ထားတဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါသေးတယ်။

ဆယ်ကျော်သက်အရွယ်မှာတင် တန်ဖိုးမြင့်ကားတစ်စီးဝယ်နိုင်လောက်အောင် အဆင်ပြေတဲ့ ဝင်ငွေတစ်ခုရှာဖွေနိုင်တယ်ဆိုတာ နည်းတဲ့အရည်အချင်းမဟုတ်ပါဘူး။ ကိုယ်စွမ်းကိုယ်စရှိပြီး ထူးချွန်တဲ့လူငယ်တစ်ယောက်လည်းဖြစ်ပါတယ်။

နောက်ထပ် သီချင်းကောင်းတွေအများကြီး ဖန်တီးနိုင်ဖို့ကို ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

Cele Zone
Photo – Oak Soe Khant

admin