ဆေးရုံတက်နေတဲ့ဗေလုဝကို ဖခင်ကိုယ်စား အလှူငွေနဲ့တကွ သွားကန်တော့ပြီး ကျန်းမာရေးအခြေအနေကို ပြန်ပြောပြခဲ့တဲ့ ဦးမေတ္တာရဲ့သားလေး

ဆေးရုံတက်နေတဲ့ဗေလုဝကို ဖခင်ကိုယ်စား အလှူငွေနဲ့တကွ သွားကန်တော့ပြီး ကျန်းမာရေးအခြေအနေကို ပြန်ပြောပြခဲ့တဲ့ ဦးမေတ္တာရဲ့သားလေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လူ႐ႊင္ေတာ္၊ သ႐ုပ္ေဆာင္ဦးေမတၱာရဲ႕ သားေခ်ာေလးျဖစ္တဲ့ ေမတၱာျမင့္ျမတ္ဟိန္းကေတာ့ ဖခင္ျဖစ္သူဆီကေန အႏုပညာအေမြေတြကို ဆက္ခံရရွိထားတာ ျဖစ္ပါတယ္။ ေမတၱာျမင့္ျမတ္ဟိန္း က ကိုယ္တိုင္လည္း ဟာသဉာဏ္႐ႊင္သူျဖစ္တာေၾကာင့္ လူ႐ႊင္ေတာ္အျဖစ္ လုပ္ကိုင္ၿပီး

ပရိသတ္ေတြကို ေဖ်ာ္ေျဖတင္ဆက္ေပးေနတာ ျဖစ္ပါတယ္။ ဦးေမတၱာကေတာ့ ”ေမတၱာေ႐ႊစင္” ဇာတ္သဘင္ကို တည္ေထာင္ထားၿပီး သားေလးနဲ႔အတူ ဦးစီးလုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ ေမတၱာျမင့္ျမတ္ဟိန္းက ပရဟိတစိတ္ဓာတ္ ထက္သန္သူလည္းျဖစ္တာေၾကာင့္

ကိုဗစ္ကာလမွာ လူနာတင္ကားကို ကိုယ္တိုင္ေမာင္းႏွင္ၿပီး ကုသိုလ္ယူေနတာလည္း ျဖစ္ပါတယ္။ မေန႔ကေတာ့ ေမတၱာျမင့္ျမတ္ဟိန္းတစ္ေယာက္ သူေလးစားခ်စ္ခင္ရတဲ့ ဦးေဗလုဝနဲ႔ ဦးေပၚေလးတို႔ကို သြားေရာက္ကန္ေတာ့ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဦးေဗလုဝက

ပင္လုံေဆး႐ုံမွာ ေဆးကုသမႈခံယူေနတာပဲ ျဖစ္ပါတယ္။ ေမတၱာျမင့္ျမတ္ဟိန္းက “ယေန႔ သြားေရာက္ဂါရဝျပဳ ကန္ေတာ့ျဖစ္ခဲ့တဲ့ ေနရာေလး ၂ ခု၊ တစ္ဦးက အေဖဆရာျဖစ္တဲ့ အကယ္ဒမီဦးေဗလုဝ ေဆး႐ုံတင္ထားရတယ္ ၾကားတာနဲ႔ ကြၽန္ေတာ့္အေဖ ဦးေမတၱာကို Royal Club

Company ltd MD ဦးခင္ေမာင္ေလးက ေငြက်ပ္ ၂ သိန္း လာေရာက္ဂါရဝျပဳတယ္ အေဖကတစ္ဆင့္ သူ႔သူငယ္ခ်င္း ေဆး႐ုံတင္ရတဲ့ သတင္းၾကားတာနဲ႔ ခ်က္ခ်င္း ကြၽန္ေတာ့္ကို ေငြက်ပ္ ၂ သိန္းျပန္ေပးၿပီး ဂါရဝသြားျပန္ျပဳခိုင္းတယ္။ ဦးေဗလုဝ ပင္လုံေဆး႐ုံတြင္

က်န္းမာေရးေကာင္းမြန္စြာ ရွိေနပါတယ္ ေနာက္တစ္ဦးကေတာ့ အေဖဆရာ ဦးေပၚေလး သီတင္းကြၽတ္မွာ မအားလိုက္လို႔ ခုမွ သြားေရာက္ဂါရဝျပဳ ကန္ေတာ့ျဖစ္တယ္ အားလုံးအဆင္ေျပၾကပါေစ ေမတၱာျမင့္ျမတ္ဟိန္း” ဆိုၿပီး ပုံေလးေတြနဲ႔အတူ တင္ထားတာ ျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

လူရွှင်တော်၊ သရုပ်ဆောင်ဦးမေတ္တာရဲ့ သားချောလေးဖြစ်တဲ့ မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ဖြစ်သူဆီကနေ အနုပညာအမွေတွေကို ဆက်ခံရရှိထားတာ ဖြစ်ပါတယ်။ မေတ္တာမြင့်မြတ်ဟိန်း က ကိုယ်တိုင်လည်း ဟာသဉာဏ်ရွှင်သူဖြစ်တာကြောင့် လူရွှင်တော်အဖြစ် လုပ်ကိုင်ပြီး

ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဦးမေတ္တာကတော့ ”မေတ္တာရွှေစင်” ဇာတ်သဘင်ကို တည်ထောင်ထားပြီး သားလေးနဲ့အတူ ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မေတ္တာမြင့်မြတ်ဟိန်းက ပရဟိတစိတ်ဓာတ် ထက်သန်သူလည်းဖြစ်တာကြောင့်

ကိုဗစ်ကာလမှာ လူနာတင်ကားကို ကိုယ်တိုင်မောင်းနှင်ပြီး ကုသိုလ်ယူနေတာလည်း ဖြစ်ပါတယ်။ မနေ့ကတော့ မေတ္တာမြင့်မြတ်ဟိန်းတစ်ယောက် သူလေးစားချစ်ခင်ရတဲ့ ဦးဗေလုဝနဲ့ ဦးပေါ်လေးတို့ကို သွားရောက်ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးဗေလုဝက

ပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူနေတာပဲ ဖြစ်ပါတယ်။ မေတ္တာမြင့်မြတ်ဟိန်းက “ယနေ့ သွားရောက်ဂါရဝပြု ကန်တော့ဖြစ်ခဲ့တဲ့ နေရာလေး ၂ ခု၊ တစ်ဦးက အဖေဆရာဖြစ်တဲ့ အကယ်ဒမီဦးဗေလုဝ ဆေးရုံတင်ထားရတယ် ကြားတာနဲ့ ကျွန်တော့်အဖေ ဦးမေတ္တာကို Royal Club

Company ltd MD ဦးခင်မောင်လေးက ငွေကျပ် ၂ သိန်း လာရောက်ဂါရဝပြုတယ် အဖေကတစ်ဆင့် သူ့သူငယ်ချင်း ဆေးရုံတင်ရတဲ့ သတင်းကြားတာနဲ့ ချက်ချင်း ကျွန်တော့်ကို ငွေကျပ် ၂ သိန်းပြန်ပေးပြီး ဂါရဝသွားပြန်ပြုခိုင်းတယ်။ ဦးဗေလုဝ ပင်လုံဆေးရုံတွင်

ကျန်းမာရေးကောင်းမွန်စွာ ရှိနေပါတယ် နောက်တစ်ဦးကတော့ အဖေဆရာ ဦးပေါ်လေး သီတင်းကျွတ်မှာ မအားလိုက်လို့ ခုမှ သွားရောက်ဂါရဝပြု ကန်တော့ဖြစ်တယ် အားလုံးအဆင်ပြေကြပါစေ မေတ္တာမြင့်မြတ်ဟိန်း” ဆိုပြီး ပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။

admin